(၇၈) ကြိမ်မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ကော်မတီ အစည်းအဝေး (The 78th Meeting of ASEAN Committee on Science, Technology and Innovation- COSTI 78) ကို အောက်တိုဘာ ၂၁ ရက်မှ အောက်တိုဘာ ၂၂ ရက် အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။
စင်ကာပူနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့
၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၃၈)ဦးအား မြန်မာသံရုံး၊ စင်ကာပူမြို့မှ စီစဉ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ (၁၇ ၀၀) နာရီအချိန် တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ အသီးသီး ပြန်လည် ရောက်ရှိခဲ့ကြပါသည်။
Korea International Cooperation Agency (KOICA) မှ ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦးနှင့် ကျောက်ဖြူခရိုင်များရှိနေရပ်စွန့်ခွာသူများ အတွက် လူသုံးကုန်ပစ္စည်းများလှူဒါန်း
Korea International Cooperation Agency (KOICA) မှ ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦးနှင့် ကျောက်ဖြူခရိုင်များရှိ နေရပ်စွန့်ခွာသူများ အတွက် လူသုံးကုန်ပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
မြန်မာ-စင်ကာပူ စီးပွားရေးဝန်ကြီးများ ဗီဒီယိုကွန်ဖရင့် ဖြင့် တွေ့ဆုံဆွေးနွေး
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း နှင့် စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Mr. Chan Chun Sing တို့သည် ယနေ့နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တွေ့ဆုံဆွေးနွေးသည်။
ကိုရီးယား- မြန်မာ စက်မှုဇုန်ထူထောင်ရေး ဦးဆောင်ညှိနှိုင်းမှုကော်မတီ(ပထမအကြိမ်) အစည်း အဝေးကျင်းပ
ဒေသအတွင်း ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နိုင်ငံတကာအဆင့်မီ စက်မှုမြို့တစ်ခု ဖြစ်လာစေ ရေးအတွက် ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်းများချောမွေ့စွာ လည်ပတ်စေနိုင်ရန်နှင့် ကောင်း မွန်သော အခြေခံ အဆောက်အအုံ ပြည့်စုံသော Facilitation Service ဝန်ဆောင်မှုများဖြင့် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ရန် Korea – Myanmar Industrial Complex (KMIC) ကိုရီးယား- မြန်မာ စက်မှုဇုန်ထူထောင်ရေး ဦးဆောင်ညှိနှိုင်းမှုကော်မတီ (ပထမအကြိမ်) အစည်းအဝေး ကို ယနေ့နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပ သည်။
အာဆီယံဒေသဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းစီမံချက်အပေါ် ကာလလတ်ပြန်လည်သုံးသပ်သည့် နိုင်ငံ အဆင့်ဆွေးနွေးပွဲကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဦးဆောင်၍ အာဆီယံ ဒေသဆိုင်ရာအမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက်ရေး လုပ်ငန်းစီမံချက်အပေါ် ကာလလတ်ပြန် လည်သုံးသပ်သည့် နိုင်ငံအဆင့်ဆွေးနွေးပွဲကို အောက်တိုဘာ ၂၂ ရက်တွင် Online စနစ်ဖြင့် ကျင်းပသည်။
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီ၏ ဆဋ္ဌမအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကျင်းပ
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှု များမှ ကာကွယ်တားဆီးရေး ကော်မတီ၏ ဆဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ video conferencing စနစ်ဖြင့် ကျင်းပသည်။
မိုင်းဆတ်နှင့် မိုင်းခုတ် မြို့နယ်တို့တွင် ငွေကျပ်သိန်း ၇၈၀၀ တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၇ ရက် ညနေပိုင်းက မိုင်းဆတ်မြို့နယ် မိုင်းခုတ်မြို့ မိုင်းဆတ်-ကျိုင်းတုံ ကားလမ်း မိုင်တိုင် အမှတ် ၉၆ ကီလိုမီတာအနီးတွင် မသင်္ကာဖွယ် မော်တော်ယာဉ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ်
အမေရိကန်ပြည်ထောင်စု၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်
နိုင်ငံတကာ ခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် အမေရိကန် ပြည်ထောင်စု၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ဝါရှင်တန်မြို့ မြန်မာသံရုံးနှင့် ဆိုးလ်မြို့ မြန်မာ သံရုံးတို့ ပူးပေါင်းစီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း(MAI) ကယ်ဆယ်ရေးလေယာဉ် ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၈ နာရီ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြ သည်။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် အမေရိကန်ပြည်ထောင်စုမှ ၅၁ ဦးနှင့် ကိုရီးယားသမ္မတနိုင်ငံမှ ၆၁ ဦး စုစုပေါင်း ၁၁၂ ဦး လိုက်ပါခဲ့ကြသည်။
ကာကွယ်ထိန်းချုပ်နိုင်ရန် အစစပိုမိုဂရုစိုက်
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေသည် ယခုရက်သတ္တ ပတ်အတွင်း ဖြစ်ပွားနှုန်းကျဆင်းမှု မရှိသေးသော်လည်း ရောဂါအတက်၊ အကျနှုန်း တန်းနေသည့်သဘောကို တွေ့ရသည်။ ဆေးပညာရှင်များ၏ အဆိုအရ ရောဂါဖြစ်ပွားနှုန်းဂရပ်မျဉ်းသည် အကျဘက်သို့ ဆင်းလျှင်သော်လည်းကောင်း၊ တန်း၍နေလျှင်သော်လည်းကောင်း အခြေအနေကောင်း ဖြစ်သည်ဟု ခန့်မှန်းကြသည်။ ။
