Skip to main content

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ လှူဒါန်းသည့် COVID-19 ဓာတ်ခွဲမှု PCR Test Kit များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထံ လွှဲပြောင်း ပေးအပ်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့ ညနေပိုင်းတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Hai Kyung Jun အား လက်ခံတွေ့ဆုံပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ လှူဒါန်းသည့် ကိုဗစ်-၁၉ ဓာတ်ခွဲမှု PCR Test Kit များအား လက်ခံသည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသားများ အား မြန်မာ နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

 

နေပြည်တော် ဒီဇင်ဘာ ၁၆

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံ တွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၇၄)ဦးအား ကွာလာလမ် မူမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ် ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၇ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာပြန်လည်ရောက်ရှိခဲ့ကြသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပ

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာမှ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဖြေလျှော့ပေးသော်ငြား ပေါ့လျော့၍မရပါ

ကမ္ဘာ့သမိုင်းတွင် ပထမဆုံးအဖြစ် တက်သုတ်ရိုက်ရှာဖွေစမ်းသပ် ဖော်ထုတ်လိုက်ရသည့် ဗိုင်းရပ်စ်ကာကွယ်ဆေးများအဖြစ်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအချို့ ပေါ်ထွက်လာပြီ ဖြစ်သည်။ ကာကွယ်ဆေး၏အာနိသင်များနှင့်စပ်လျဉ်း၍ အာမခံနိုင်ရန်အတွက် ပြည့်စုံလုံ လောက်သော စမ်းသပ်စစ်ဆေးမှုများပြုလုပ်ရန် အချိန်ပြည့် သည်အထိ မစောင့်နိုင်ဘဲ ထုတ်လုပ် လိုက်ရသည့်ကာကွယ်ဆေး များကိုပင် ကမ္ဘာ့နိုင်ငံအသီးသီးတို့က မြန်နိုင်သမျှမြန်မြန်ရဖို့အရေး လုံးပန်းနေကြရပြန်သည်။

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) ရေးဆွဲရေးအတွက် ဆရာသမဂ္ဂများ၊ ဆရာအသင်းအဖွဲ့များ၊ ဆရာဆရာမများ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ရေးဆွဲရေးအတွက် ဆရာသမဂ္ဂများ၊ ဆရာအသင်း အဖွဲ့များ၊ ဆရာဆရာမများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသားများ အား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှား နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား (၁၂၀)နှင့် မလေးရှားနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးဖြစ်သည့် မြန်မာနိုင်ငံသား (၄၇)ဦးပါဝင်သည့် မြန်မာနိုင်ငံသား စုစုပေါင်း (၁၆၇)ဦးအား ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူး ဒေါက်တာမောင်မောင်စိုးဦးနှင့် ဒုတိယဦးစီးမှူး ဒေါ်သန္တာဆင့် တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

မကွေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ၎င်းလက်အောက်ဌာနမှ ဝန်ထမ်းများသည် နိုင်ငံတော်မှ ချမှတ်ပေးသော သင်တန်းကြေးများ၊ ရုံး အဆောက်အဦများအတွက် အသုံးစရိတ်များအား ကိုယ်ကျိုးသုံးစွဲ၍ အဂတိလိုက်စားမှု ကျူးလွန်နေမှုများကို အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

နေပြည်တော်မြို့နယ်(၈)မြို့နယ်အတွင်းရှိ အရေးကြီးနေရာများတွင် CCTV ကင်မရာများ တပ်ဆင်ခြင်းနှင့် Command and control centre ဖွင့်ပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ်အတွင်း အရေးကြီး နေရာများတွင် CCTV ကင်မရာများ တပ်ဆင်ခြင်းနှင့် Command and control centre အဆောက်အဦဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံးဝန်းအတွင်းရှိ အဆိုပါအဆောက်အဦ၌ ကျင်းပခဲ့သည်။

ဝိုင်းမော်နှင့် မြိတ်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ယမန်နေ့ ညနေ ၅ နာရီခွဲတွင် ဝိုင်းမော် မြို့နယ် ဝါးရှောင်ကျေးရွာအုပ်စု ဂေါ်ဆက်ယန်ကျေးရွာ အနီးတွင် မသင်္ကာဖွယ် တွေ့ရှိသူ ငွါးလေးအား စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၇ ဒသမ ၅ ကီလိုကို လည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၃ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မြိတ်မြို့နယ် ပသောင်းကျေးရွာအုပ်စု ပသောင်း ကျေးရွာနေ ခင်မောင်ချို(ခ)အာနီ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၄၁၇၉ ပြား၊ အိုက်စ် သုည ဒသမ ၀၀၅ ကီလို၊ ဆေးခြောက် သုည ဒသမ ၀၁၅ ကီလိုနှင့် ဘိန်းစာမှုန့် ၄၀ ဒသမ ၉ ကီလိုတို့ကို သိမ်းဆည်းရမိ ခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။

တစ်မျိုးသားလုံးဆိုင်သည့် အမျိုးသားအောင်ပွဲ

၁၈၈၅ ခုနှစ် ကုန်ဆုံးသည်နှင့် မြန်မာနိုင်ငံတစ်နိုင်ငံလုံး ဗြိတိသျှကိုလိုနီ လက်အောက်သို့ ကျရောက်ခဲ့ရသည်။ သူ့ကျွန်ဘဝသို့ ကျရောက်သည်နှင့် နယ်ချဲ့တို့ကို မြန်မာသူရဲကောင်းများက ဆယ်နှစ်နီးပါး အပြင်းအထန် တွန်းလှန်ခဲ့ကြသည်။ ကိုလိုနီခေတ်ဦး၌ပင် နယ်ချဲ့တို့အား တွန်းလှန်မှုများ ကျရှုံးသွားခဲ့သော်လည်း ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေအသင်းများ ပေါ်ပေါက်လာ ကာ အမျိုးသားစိတ်ဓာတ်များ နှိုးဆွပေးခဲ့သည်။ ။
Subscribe to နေပြည်တော်