အားကစားအသိဉာဏ် PI မှတစ်ဆင့် ကာယဉာဏ ကျန်းမာဖွံ့ဖြိုးမှုအရပ်ရပ်ဆီ
အားကစားကဏ္ဍ အောင်မြင်မှုက နိုင်ငံနှင့် လူမျိုးဂုဏ်ကို မြင့်တက်စေပါသည်။ ယနေ့တိုးတက်လာသည့်ခေတ်ကြီးတွင် အားကစားကဏ္ဍနှင့် ကျန်းမာရေး ဆက်စပ်မှုကို စဉ်းစားကြရာမှ အားကစားနည်းများစွာကို လူအများကယခင်ထက် စိတ်ဝင်စားမှုရှိလာကြသည်၊ အလေးအနက်ထားလာကြသည်။ ယင်းသည်ပင် နိုင်ငံဖွံ့ဖြိုးတိုးတက်စေသည့် အကြောင်းတရားများစွာအနက် အခွင့်အလမ်းတစ်ခုဖြစ်နေသည်ဟု ဆိုချင်သည်။
