ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် ပြည်ပနိုင်ငံများ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား (၁၃၂)ဦး အား မြန်မာသံရုံး၊ ရီယာဒ်မြို့နှင့် မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အဖွဲ့ချုပ် (MSESF) တို့မှ ပူးပေါင်း စီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဒူဘိုင်းမြို့မှတစ်ဆင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ည(၁၀)နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက် ရှိခဲ့ကြသည်။
နှစ် ၁၀၀ ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲ အခမ်းအနားကို Virtual စနစ်ဖြင့် ကျင်းပ
နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ၁၉၂၀ မှ ၂၀၂၀ ပြည့်နှစ် အထိ ဖြတ်သန်းခဲ့သည့် နှစ် ၁၀၀ ကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည့် ကဏ္ဍများနှင့် သက်ဆိုင်သည့် ခေါင်းစဉ်များဖြင့် စာတမ်းဖတ်ပွဲ အခမ်းအနားကို Virtual စနစ်ဖြင့် ယနေ့မွန်းလွဲ(၂) နာရီတွင် ကျင်းပပြုလုပ်သည်။ အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က အဖွင့်အမှာ စကား ပြောကြားပြီး “၁၉၂၀ မြန်မာနိုင်ငံ လူမှုစီးပွားရေး အခြေအနေ” ခေါင်းစဉ်ဖြင့် ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က လည်းကောင်း၊ “၁၉၂၀ မြန်မာ့ နိုင်ငံရေး အခြေအနေ” ခေါင်းစဉ်ဖြင့် စာတည်း ဒေါ်သင်းသင်းဦးက လည်းကောင်း စာတမ်းများ ဖတ်ကြား ကြသည်။
နှစ် ၁၀၀ ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပနိုင်ရေးအတွက် Virtual စနစ်ဖြင့် ညှိနှိုင်းအစည်းအဝေးကျင်းပ
နှစ် ၁၀၀ ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီက Virtual စနစ်ဖြင့် ဆောင်ရွက်ခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာ၀ရငြိမ်းချမ်းရေး အတွက်ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက် ထုတ်ပြန်ချက်တစ်ရပ်ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
တတိယအကြိမ် အကြမ်းဖက်မှုဆန့်ကျင်ရေးနှင့် နိုင်ငံဖြတ်ကျော်လုံခြုံရေးဆိုင်ရာ ဝန်ကြီးအဆင့် ဒေသခွဲအစည်းအဝေးကျင်းပ
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်း ထွန်းသည် ယနေ့နံနက်ပိုင်းတွင် Virtual Forum အဖြစ် ကျင်းပခဲ့သည့် တတိယအကြိမ် အကြမ်းဖက်မှု ဆန့်ကျင်ရေးနှင့် နိုင်ငံဖြတ်ကျော် လုံခြုံရေးဆိုင်ရာ ဝန်ကြီးအဆင့် ဒေသခွဲ အစည်းအဝေးသို့ တက်ရောက် ဆွေးနွေးသည်။
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်းမှာ ၃၈၂၇၁၄၄၇ ဦး အမှန်ဖြစ်ကြောင်း သိရှိရ
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပခြင်းနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များကို အများပြည်သူတို့ သိရှိနိုင်စေရန်အတွက် သတင်းစာများတွင် ထည့်သွင်းဖော်ပြပေးလျက်ရှိရာ နိုဝင်ဘာ ၉ ရက်နှင့် ၁၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများ၌ မဲဆန္ဒရှင် စုစုပေါင်း ၃၇၂၆၈၈၇၆ ဦးဖြစ်ကြောင်း ထိုအချိန်က ရရှိသည့် သတင်းအပေါ် မူတည်၍ ဖော်ပြခဲ့သည်။
အမျိုးသားရေး စိတ်ဓာတ်အမွေအနှစ် မျိုးဆက်သစ်တို့ လက်ကမ်းသယ်ဆောင်
ရန်ကုန်တက္ကသိုလ်သမိုင်းနှင့် တစ်ဆက်တစ်စပ်တည်း ရှိနေ သည်မှာ အမျိုးသားနေ့ သမိုင်းဖြစ်သည်။ သို့ဖြစ်ရာ ရန်ကုန် တက္ကသိုလ် ရာပြည့်ကာလတွင် အမျိုးသားနေ့သည်လည်း နှစ်တစ်ရာပြည့်ချေပြီ။
ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အောင်မြင်
၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ်(၁၀၀)ပြည့်သည့် ရန်ကုန် တက္ကသိုလ် ရာပြည့်သဘင် အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ဖြစ်နေဆဲ ကာလဖြစ်၍ ရန်ကုန်တက္ကသိုလ်နယ်မြေတွင် မကျင်းပဘဲ ရန်ကုန်မြို့ ပြည်လမ်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယို(၁)တွင် Virtual စနစ်ဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီ ဖြစ်သည်။ ။
