Skip to main content

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အထိမ်းအမှတ် အခမ်းအနားကို ယနေ့ ညနေ ၅ နာရီ တွင် Virtual စနစ်ဖြင့် ကျင်းပရာ ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က Video Message ပေးပို့၍ ဂုဏ်ပြုဝမ်းမြောက်စကား ပြောကြား သည်။

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် ရာပြည့်သဘင်အထိမ်းအမှတ် ဆွမ်းဆက်ကပ် လှူဒါန်းခြင်း နှင့် တရားနာယူခြင်း အခမ်းအနားကျင်းပ

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် ရာပြည့်သဘင်အထိမ်းအမှတ် ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို ယနေ့ နံနက် ၇ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ပြည်ပနိုင်ငံများရောက် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသားများအား မြန်မာနိုင်ငံ သို့ပြန်လည်ခေါ်ဆောင်ခဲ့

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပ နိုင်ငံများတွင် စာချုပ်သက်တမ်းကုန်ဆုံး၍ အခက်အခဲကြုံတွေ့နေရသည့် မြန်မာ သင်္ဘော သားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးနှင့် မြန်မာသင်္ဘောသား အလှည့်ကျ ဝန်ထမ်း ပြောင်းလဲခြင်း အကူအညီပေးရေး ကော်မတီ (CCSC) တို့မှ ပူးပေါင်း စီစဉ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ကိုရီးယား သမ္မတနိုင်ငံ၊ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင် ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါးများ စာအုပ် ထုတ်ဝေ

ရန်ကုန်တက္ကသိုလ်ကြီး၏ ကြီးမြတ်သည့် သမိုင်းကြောင်းများနှင့် ကြီးမားသည့် အစဉ် အလာများကို ပြည်သူများ ခံစားသိမြင်နိုင်စေရန်အတွက် စာပေပညာရှင်၊ ဝါသနာရှင် အသီးသီးက မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ထုတ်ဖော်ရေးသားခဲ့ကြပါသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက် နေသည့် စီမံကိန်းလုပ်ငန်းဆိုင်ရာ အစည်းအဝေးကျင်းပ

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူး ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုဝင်ဘာ ၂၄ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

မေတ္တာတရား၊ ငြိမ်းချမ်းရေးနှင့် ပြည်ထောင်စု

ငြိမ်းချမ်းသည့်နိုင်ငံ၊သာသနာရောင်ဝါထွန်းသည့်နိုင်ငံ၊ အယူဝါဒစုံ တို့ အတူတကွ ပွင့်လန်း နိုင်သည့်နိုင်ငံ၊ တောင်ပေါ်မြေပြန့်မခွဲ ပြည်ထောင်စုသားအားလုံး တန်းတူညီမျှ ရှိနိုင်၊ ခံစားနိုင် ကြသည့် နိုင်ငံပေါ်ထွန်းပါစေ စသည့်ဆုတောင်းများဖြင့် ပြည်သူတို့ မျှော်လင့်နေ ခဲ့ကြသည်မှာ နှစ်ရှည်ကြာခဲ့ပြီ။ ။

အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ (၁၇)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် side events များသို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ပါဝင်တက်ရောက်

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တင်းပြည့်အဖွဲ့ဝင်အဖြစ် ပါဝင်သည့် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum -SEANF)၏ (၁၇)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် Webinar on National and International Initiatives on Torture Prevention၊ Online Dialogue on Statelessness Issues in Sabah တို့ကို ၂၀၂၀ ပြည့်နှစ်အတွက် ဖိုရမ်၏အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော အင်ဒိုနီးရှားနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (Komnas HAM)က ဦးဆောင်၍ နိုဝင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ virtual online conferencing စနစ် အသုံးပြု၍ ကျင်းပလျက်ရှိသည်။

အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန (ARMAC) တွင် ကိုဗစ်-၁၉ ကာလအတွင်း ပေါက်ကွဲစေတတ်သော ပစ္စည်းများအန္တရာယ် အသိပညာပေးမှု အကောင်အထည်ဖော်ခြင်းဖြင့် အာဆီယံလူ့အသိုက်အဝန်းကို အကာအကွယ်ပြုခြင်းဆိုင်ရာ Regional Webinar အစည်းအဝေး ကျင်းပ

ကမ္ဘောဒီးယားနိုင်ငံရှိ အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေး ဗဟိုဌာန (ARMAC) တွင် ကိုဗစ်-၁၉ ကာလ အတွင်း ပေါက်ကွဲစေတတ်သော ပစ္စည်းများအန္တရာယ် အသိပညာပေးမှု (Explosive Ordnance Risk Education) အကောင်အထည်ဖော်ခြင်းဖြင့် အာဆီယံ လူ့အသိုက်အဝန်းကို အကာအကွယ်ပြုခြင်းဆိုင်ရာ Regional Webinar အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
Subscribe to နေပြည်တော်