င်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်းကြောင့် ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံး၊ ဆိုးလ်မြို့မှ စီစဉ်သည့် မြန်မာအပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၉ ၃၀) နာရီ အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြပါသည်။
သတ္တမအကြိမ် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီအစည်းအဝေး ကျင်းပ
သတ္တမအကြိမ် မြန်မာအိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများတွင်ပါဝင်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် ကဏ္ဍများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ညှိနှိုင်းဆွေးနွေး
ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများတွင် ပါဝင်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် ကဏ္ဍများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ ၀န်ကြီးဌာနတွင် ကျင်းပသည်။
အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) အကောင်အထည်ဖော်ခြင်း ဆန်းစစ်သုံးသပ်မှု တင်ပြဆွေးနွေးခြင်း အစည်းအဝေးကျင်းပ
အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) အကောင်အထည်ဖော်ခြင်း ဆန်းစစ်သုံးသပ်မှု တင်ပြ ဆွေးနွေးခြင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။
(၂၆) ကြိမ်မြောက်အာဆီယံပို့ဆောင်ရေး ဝန်ကြီးများအစည်းအဝေးနှင့် အာဆီယံဆွေးနွေးဘက် နိုင်ငံများဖြင့် ဝန်ကြီးအဆင့်အစည်းအဝေးများကျင်းပ
(၂၆) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များကို နိုဝင်ဘာ (၂၄) ရက်မှ (၂၅) ရက်အထိ ဗီဒီယိုကွန်ဖရင့် ဖြင့် ကျင်းပရာ အစည်းအဝေး ပထမနေ့ဖြစ်သည့် ယနေ့တွင် (၂၆) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေး ဝန်ကြီးများအစည်းအဝေး၊ (၁၉) ကြိမ်မြောက် အာဆီယံ-တရုတ် ပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေး နှင့် အာဆီယံ ပို့ဆောင်ရေး ဝန်ကြီးများနှင့် US-ASEAN Business Council (US-ABC) အစည်းအဝေးများ ကို ကျင်းပသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဖွဲ့စည်းတည်ထောင်သည့် (၂၈) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဖွဲ့စည်းတည်ထောင်သည့် (၂၈) နှစ်ပြည့် အထိမ်းအမှတ် Virtual အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ကျောက်စိမ်း ခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
(၂၂) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစည်းအဝေး ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်ကျင်းပ
(၂၂) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေး ကို ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်မည့်ဧရိယာနှင့်ရက်စွဲတို့အား ပြောင်းလဲဆောင်ရွက်မည်ဖြစ်၍ ရေကြောင်းသတိပေးချက် ထပ်မံထုတ်ပြန်
ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် (အထူး) နှင့် အပြည်ပြည်ဆိုင်ရာ ပင်မ ဝင်ပေါက် ထွက်ပေါက်လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထား သည့် Campana Mythic Co.,Ltd သည် မြန်မာ-စင်္ကာပူ အပြည်ပြည် ဆိုင်ရာ ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ် သွယ်တန်းခြင်းလုပ်ငန်းကို MV.Majestic Seven (Call Sign: XYGK), Asean Protector (Call Sign: 9VYR5) Royal Nadi သင်္ဘော သုံးစင်းတို့ဖြင့် Point. A1 တွင် မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၃၁ မိနစ် ၉၁၉ စက္ကန့်
ကချင်ပြည်နယ်ရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေး ဆိုင်ရာလုပ်ငန်းအဖွဲ့ ညှိနှိုင်းစည်းဝေး
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည် ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းက ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။
အသေးစား၊ အလတ်စား အရက်ချက်စက်ရုံများ၏ အရက်ထုတ်လုပ်နိုင်မှုနှင့်သတ်မှတ် လုပ်ထုံးလုပ်နည်းလိုက်နာမှုအခြေအနေနှင့် ပတ်သက်သည့် အစည်းအဝေးကျင်းပ
အသေးစား၊ အလတ်စား အရက်ချက်စက်ရုံများ၏ အရက် ထုတ်လုပ်နိုင်မှုနှင့် သတ်မှတ်လုပ်ထုံးလုပ်နည်း လိုက်နာမှု အခြေအနေနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။
