အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံ ဆိုင်ရာ UNODC ၏ Country Manager အဖြစ် ခန့်အပ်ခြင်းခံရသည့် Mr. Benedikt Hofmann အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဗဟန်းမြို့နယ်၊ တာမွေမြို့နယ်နှင့် တာချီလိတ်မြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ယမန် နေ့ နံနက် ၁၀ နာရီခွဲတွင်ဗဟန်းမြို့နယ် ဆရာစံ မြောက်အရှေ့ရပ်ကွက် မဟာဘောဂလမ်း အမှတ် (၂၃) (၅)လွှာနေ အောင်နိုင်ဝင်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၆၅၉၀ သိမ်းဆည်းရမိခဲ့ ကြောင်း
နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ကွန်ဟိန်းမြို့နယ် ကာလိမြို့တွင် ငွေကျပ် ၁ ဒသမ ၆ ဘီလီယံတန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိ
နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၂၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ကွန်ဟိန်းမြို့နယ် ကာလိမြို့တွင် ငွေကျပ် ၁ ဒသမ ၆ ဘီလီယံတန်ဖိုးရှိ အိုက်စ်များ နိုဝင်ဘာ ၁၆ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အခုလို ရွေးကောက်ပွဲ အောင်မြင်တာဟာ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ နိုင်ငံသားကောင်းတစ်ဦးရဲ့ တာဝန်ကို ကျေပွန်စွာနဲ့ ဆန္ဒမဲပေးခဲ့ကြလို့ အောင်မြင်တာ ဖြစ်ပါတယ်(ဦးလှသိန်း၊ ဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် )
အခုလို ရွေးကောက်ပွဲ အောင်မြင်တာဟာ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ နိုင်ငံသားကောင်းတစ်ဦးရဲ့ တာဝန်ကို ကျေပွန်စွာနဲ့ ဆန္ဒမဲပေးခဲ့ကြလို့ အောင်မြင်တာ ဖြစ်ပါတယ်
အနာဂတ်စီးပွားရေး ဦးမော့အောင်ကြိုးပမ်း
မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင်ကျင်းပသည့် (၄) ကြိမ်မြောက် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု RCEP သဘောတူစာချုပ်၌ ပါဝင်လက်မှတ် ရေးထိုးနိုင်ခဲ့ပြီဖြစ်ရာ ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်မှုဒေသ၏ အဖွဲ့ဝင်နိုင်ငံအဖြစ် နိုင်ငံတကာ ကုန်သွယ်မှုတွင် ပါဝင်လုပ်ကိုင်ခွင့်ရလာတော့မည် ဖြစ်သည်
ဖိလစ်ပိုင်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၃၆)ဦးအား မနီလာမြို့ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့်ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၆ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
(၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် (၁၇) ကြိမ်မြောက် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီး အစည်းအဝေးကျင်းပမည်
(၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (The 17th China-ASEAN Expo) နှင့် (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံစီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုထိပ်သီး အစည်းအဝေး (The 17th China-ASEAN Business and Investment Summit) ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကွမ်ရှီး ပြည်နယ်၊ နန်နင်းမြို့တွင် နိုဝင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ Online ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ On line CAEXPO ၌ B2B အစီအစဉ်များတွင် one- on-one match meeting ပွဲနှင့် Business Matching များ၊ On line Business Talks များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
ကိုဗစ် - ၁၉ ရောဂါ ရင်ဆိုင်ကျော်လွှားခဲ့ရပုံများအကြောင်း ဆွေးနွေးခန်း
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုဝင်ဘာ ၄ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်၏ ကိုဗစ် - ၁၉ ရောဂါ ရင်ဆိုင်ကျော်လွှားခဲ့ရပုံများအကြောင်း ဆွေးနွေးခန်းကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
ယုံကြည်လုံခြုံစိတ်ချ မဲပေးရေးစနစ်ကျ
ယခုအခါ ရွေးကောက်ပွဲအကြို လုပ်ငန်းစဉ်ဖြစ်သည့် မဲဆန္ဒနယ်ပြင်ပရောက် နေသူများ အနေဖြင့် ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားနေမှု အခြေအနေများအရ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက ဖွဲ့စည်းထားသော ကြိုတင်ဆန္ဒမဲ ကောက်ယူရေးအဖွဲ့များက အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များအတွက် ကြိုတင်ဆန္ဒမဲ များကိုအောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်ကောက်ယူခဲ့ရာ ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ တွင် လုပ်ငန်းများအားလုံး ပြီးစီးပြီ ဖြစ်သည်။ ။
တက္ကသိုလ် ဝေါဟာရ
ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်ဆောင်းပါးများ၊ ကဗျာများ၊ တေးသီချင်း များနှင့်အတူ တက္ကသိုလ်၏ပုံရိပ်များကို ပြန်လည်မြင်တွေ့ခံစားနေကြရပြီ။ တက္ကသိုလ် ဆိုသော ဝေါဟာရ ကို အနက်ဖွင့်ဆိုပါက အဆင့်မြင့်ပညာရပ်များကို သင်ကြားပို့ချ ဆည်းပူးရာ ကျောင်းကြီးအဖြစ် ယနေ့ခေတ်တွင် အလွယ်တကူ နားလည်နေကြပြီ ဖြစ်သော်လည်း ၁၉၂၀ ပြည့်နှစ် ရန်ကုန် တက္ကသိုလ် စတင်တည်ထောင်စဉ်ကာလကမူ တက္ကသိုလ် ဟူသည့် ဝေါဟာရ မပေါ်ပေါက်သေး။ အင်္ဂလိပ်ဝေါဟာရအားဖြင့် ရန်ကုန် ယူနီဗာစီတီ (Rangoon University) ဟူ၍သာ။
