Skip to main content

ရန်ကုန်တက္ကသိုလ်ရာပြည့် အထိမ်းအမှတ် ဂုဏ်ပြုဖျော်ဖြေပွဲကို MRTV မှ အပတ် စဉ် သောကြာနေ့ညတိုင်းပြသမည်

ရန်ကုန်တက္ကသိုလ်ရာပြည့်ကို ဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်ဖွဲ့ တေးသီချင်း အပုဒ် (၁၀၀) ကို အပတ်စဉ် သောကြာနေ့တိုင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ည(၈)နာရီ သတင်းအပြီးတွင် ထုတ်လွှင့်မည်ဖြစ်ရာ နိုဝင်ဘာ ( ၆ ) ရက်ညတွင် ပွဲစဉ်(၄)အဖြစ် ဂီတမှူး စန္ဒရားဇေယျာမင်း မြန်မာမှုတေးဂီတအဖွဲ့နှင့်အတူ တေးသံရှင် ခင်မောင်ကြီး၊ စန္ဒရားဘသန်းတင် ၊ မိုးထက်မြင့် ၊ ဘုန်းသစ်၊ ခင်ညွန့်ရည်၊ နှင်းရည်သန့်၊ စိမ်းလဲ့လဲ့ ၊ စိမ့်နေခြည် ၊ သွန်း ၊ အိုပြည့်ရှင် ၊အေးမြဖြူတို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အမေး / အဖြေအစီအစဉ် ဆက်လက်ထုတ်လွှင့်မည်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို စက်တင်ဘာ ၂၉ ရက်မှ စ၍ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲ မှ ည ၇ နာရီအထိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှချေးငွေ ဂျပန်ယန်း ၄၂ ဒသမ ၇၇၉ ဘီလီယံ ရယူရေးဆိုင်ရာ မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား လဲလှယ်မှုစာချွန်လွှာနှင့် ချေးငွေစာချုပ် တို့ကို လက်မှတ်ရေးထိုး

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးဖြစ်သော ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတား ဦးစီးဌာန ကဆောင်ရွက်မည့် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်ရှိ ပဲခူး-ကျိုက်ထို လမ်းသစ်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် အိုဒီအေချေးငွေ ဂျပန်ယန်း ၂၇ ဒသမ ၇၇၉ ဘီလီယံနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်က ဆောင်ရွက်မည့် အသေးစား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (အဆင့်-၃) အတွက် အိုဒီအေ ချေးငွေ ဂျပန်ယန်း ၁၅ ဘီလီယံတို့အတွက် လဲလှယ်မှုစာချွန်လွှာများ (Exchange of Notes) နှင့် ချေးငွေစာချုပ်များ (Financing Agreements) ကို ယနေ့တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန် ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးနှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ရေး အေဂျင်စီ (JICA) တို့မှ တာဝန်ရှိပုဂ္ဂိုလ်များက လက်မှတ်ရေးထိုးခဲ့ကြသည်။

စတုတ္ထအကြိမ် အဆင့်မြင့်သတင်းအချက်အလက်နည်းပညာဆိုင်ရာ နိုင်ငံတကာ စာတမ်း ဖတ်ပွဲ အခမ်းအနားကျင်းပ

စတုတ္ထအကြိမ် အဆင့်မြင့်သတင်းအချက်အလက်နည်းပညာဆိုင်ရာ နိုင်ငံတကာ စာတမ်းဖတ်ပွဲ (The 4th International Conference on Advanced Information Technologies) (ICAIT 2020) အခမ်းအနားကို ရန်ကုန်မြို့ရှိ သတင်း အချက် အလက် နည်းပညာတက္ကသိုလ်၌ နိုဝင်ဘာ ၄ ရက်နှင့် ၅ ရက်များတွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ပြည်ပနိုင်ငံများရောက် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသားများအား မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ခဲ့

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ထိုင်ဝမ် (တရုတ် -တိုင်ပေ) ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား (၁၂၃)ဦး အပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း (၁၄၀)ကို ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ စီစဉ် သည့် China Airlines ကုန်တင်လေယာဉ်ဖြင့်ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ နံနက် ၉ နာရီခွဲ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများနှင့် တာဝန်ရှိသူများ၏ စကားသံများ

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင် ဆန္ဒမဲပေး ပိုင်ခွင့် ရှိသူများအနေဖြင့် အောက်တိုဘာ ၂၉ ရက်မှစတင်၍ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲ ပေးလျက်ရှိကြသည်။

ကမ်းဝေးငါးဖမ်းလှေများ VMS စက်များတွင် ချိပ်တံဆိပ်ကပ်နှိပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီး ဌာနက ကြီးကြပ်၍ ကမ်းဝေး ငါးဖမ်း သင်္ဘာများ အချိန်မီပင်လယ်ပြင်ထွက် နိုင်ရေးအတွက် ကမ်းရိုးတန်းတိုင်း ဒေသကြီးဖြစ်သော ရန်ကုန်၊ တနင်္သာရီ၊ ဧရာဝတီနှင့် မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်တို့မှ ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများသည် သီတင်းကျွတ် ရုံးပိတ်ရက်များတွင် ငါးဖမ်းစက်လှေ များသို့သွားရောက်၍ ငါးဖမ်း၊ ငါးသယ် ရေယာဉ်များတွင် တပ်ဆင်ထားသော တည်နေရာ သတင်းအချက် အလက်ပေးပို့သည့် VMS စက်များ ဖြုတ်ခြင်း၊ တပ်ခြင်း၊ ပြောင်းရွှေ့ တပ်ဆင်ခြင်း များ လုံးဝ(လုံးဝ) မပြုလုပ်စေရေး ညွှန်ကြားချက်နှင့်အညီ ကမ်းဝေး ငါးဖမ်းလှေများ၏ VMS များအား ချိပ် တံဆိပ်ကပ်နှိပ်ခြင်း ဆောင်ရွက် လျက်ရှိသည်။

ပြည်ပနိုင်ငံများရောက် မြန်မာသင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ခဲ့

နိုင်ငံတကာခရီးသည်တင် လေယာဉ် များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် ကိုရီးယား သမ္မတနိုင်ငံ၌ စာချုပ်သက်တမ်းကုန်ဆုံး၍ အခက် အခဲကြုံတွေ့နေရသည့် မြန်မာ သင်္ဘောသား များအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးနှင့် Dragon Tun ကုမ္ပဏီ တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) စင်းလုံးငှား ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင် ခဲ့ရာ ယနေ့ ည ၈ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။

ရွေးကောက်ပွဲစည်းကမ်းဥပဒေလိုက်နာ

ဒီမိုကရေစီသည် အများပြည်သူဆန္ဒကို ဦးစားပေးသည့် စနစ်ဖြစ်သည်။ ပြည်သူများ၏ဆန္ဒ နှင့်အညီ ဦးစားပေးဆုံးဖြတ်သည့်နိုင်ငံရေးစနစ်ဖြစ်သည်။ ထို့ကြောင့် ပြည်သူများ၏ဆန္ဒဖြင့် ရွေးချယ်တင် မြှောက်သည့် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲများကိုပြဋ္ဌာန်းထားသော စည်းကမ်း ဥပဒေပါ အတိုင်း စနစ်တကျကျင်းပကြသည်။ ။

သမိုင်းတစ်ခေတ်ကို ဘယ်လိုရေးမလဲ

သမိုင်းသင်တာ မအ အောင်လို့ ဟူသည့် သမိုင်းပါမောက္ခ ဆရာ ကြီး ဒေါက်တာသန်းထွန်း၏ စကားသည် မြန်မာနိုင်ငံ၌ ကျော်၏။ သမိုင်းကို ဂဃနဏ သိပါမှ ပစ္စုပ္ပန်ကို ခြေခြေမြစ်မြစ် နားလည် နိုင်မည်။ ပစ္စုပ္ပန်ကို ကျကျနန နားလည်ပါမှ အနာဂတ်အတွက် ပြင်ဆင်နိုင်မည် မဟုတ်ပါလား။ ။
Subscribe to နေပြည်တော်