ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် Videoconferencing စနစ်ဖြင့် ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ရခိုင်ပြည်နယ်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန က တာဝန်ယူဆောင်ရွက်နေရသော လုပ်ငန်းများ ကိုဗစ်-၁၉ ကာလ ထိရောက်စွာ ဆောင်ရွက် နိုင်ရန် စည်းကမ်းချက်များနှင့်အညီ အင်အားဖြည့်တင်းနိုင်ရေး ညှိနှိုင်းဆွေးနွေး
ရခိုင်ပြည်နယ်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက လက်ရှိတာဝန်ယူဆောင်ရွက်နေရသော လုပ်ငန်းများကို ကိုဗစ်-၁၉ ကာလတွင် ထိ ရောက်စွာဆောင်ရွက်နိုင်ရန် ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ အင်အားဖြည့် တင်းနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ညနေပိုင်းက Video Conferencing ဖြင့်ကျင်းပသည်။
ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီ
ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုမှာ နေ့စဉ်တိုးတက်မြင့်မား နေဆဲဖြစ်သည်။ ရောဂါ မပြန့်ပွားခင် လွန်ခဲ့သောလများက ရခိုင်ပြည်နယ် အတွင်း ကူးစက်မှုမရှိအောင် ထိန်းသိမ်းထားနိုင် ခဲ့သည်။ ယခုအခါ ပြည်တွင်းကူးစက်မှုပုံသဏ္ဌာန်ဖြစ်ပေါ်လာပြီး တစ်နိုင်ငံလုံး သို့ ရောဂါပြန့်ပွား မသွားစေရေးအတွက် ပြည်ထောင်စု၏ အစိတ်အပိုင်းတစ်ခု စိတ်ချလုံခြုံမှု ရှိအောင် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးနေသည်။
ပြည်ထောင်စု ညီညွတ်ရေးစိတ်ဓာတ်ဖြင့်...
စနစ်တစ်ခု၏ တွန်းတိုက်နှိပ်စက်မှုဒဏ်ကြောင့် နိုင်ငံအနှံ့အပြား မှ ကျောင်းသားလူငယ်များ တောထဲသို့ လည်းကောင်း၊ နိုင်ငံရပ်ခြား အသီးသီးသို့လည်းကောင်း ပြေးကြ ရှောင်ကြ၊ ပြန်လည် စုစည်းကြ၊ အင်အားဖြည့်ကြ၊ စာအုပ်နှင့်လွယ်အိတ်များ နံဘေးချကာ တော်လှန် ရေးလုပ်ကြ ဖြစ်ရသည့်အခါ နိုင်ငံတစ်ဝန်းလုံးက ပြည်ထောင်စုသား များက စာနာကြ၊ ကရုဏာသက်ကြ၊ အားပေးကြ ဖြစ်ခဲ့ဖူးသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် COVID–19 စီးပွားရေး ကုစားမှုအစီအစဉ်အရ အထူး လူမှုကာကွယ်စောင့်ရှောက်ရေးထောက်ပံ့မှု အကူအညီများပေးအပ်
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) စီမံချက်အရ ဧရာဝတီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့ရှိ ထိခိုက်လွယ်အုပ်စုများ၊ အနာကြီးရောဂါခံစားနေရသူများကို စောင့်ရှောက်နေသည့် ဂေဟာ များအတွက် အထူးလူမှုကာကွယ်စောင့်ရှောက်ရေးပံ့ပိုးကူညီထောက်ပံ့မှုများကို ယနေ့တွင် Video Conferencing စနစ်ဖြင့် ဆက်သွယ်ဆောင်ရွက်ခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကူညီ ဆောင်ရွက် နိုင်ရန် တပ်မတော်ဆေးအဖွဲ့များ၊ ဆေးအထောက်အကူပစ္စည်းများ၊ စားသောက် ဖွယ်ရာများနှင့် အသုံး အဆောင် ပစ္စည်းများ ဒုတိယအကြိမ် ပို့ဆောင်
ရခိုင်ပြည်နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ကူညီ ဆောင်ရွက်နိုင်ရန် တပ်မတော်ဆေးအဖွဲ့များ၊ ဆေးအထောက်အကူပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် အသုံး အဆောင်ပစ္စည်းများကို ရန်ကုန်လေဆိပ်မှတစ်ဆင့် တပ်မတော် လေယာဉ်ဖြင့် စစ်တွေမြို့သို့ ဒုတိယ အကြိမ် ပို့ဆောင်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှု တည်ဆောက်ရေးစကားဝိုင်း ကျင်းပ
ကုလသမဂ္ဂ ထူထောင်သည့် (၇၅) နှစ် ပြည့် အထိမ်းအမှတ်အဖြစ် UN 75 Initiative အစီအစဉ်တွင် ပါဝင် ဆောင်ရွက်ရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဦးဆောင်၍ ပြည်ထောင်စုဝန်ကြီး ဌာန/ အဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းနှင့် လူငယ်အဖွဲ့ အစည်းများပါဝင်သော အစိုးရနှင့် ပြည်သူများ အကြား ယုံကြည်မှုတည် ဆောက်ရေး အွန်လိုင်းစကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ ကော်မရှင်ရုံး၌ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်သည်။
မြန်မာမိန်းကလေးတစ်ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်
မြန်မာမိန်းကလေးတစ်ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေအရ အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ချဲ့ကြောင်း သိရသည်။
အမေရိကန်သံရုံးမှ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ Distance Learning Capacity အတွက် အထောက်အကူပြု ပစ္စည်းများပေးအပ်
အမေရိကန်သံရုံးမှ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ Distance Learning Capacity အတွက် အထောက် အကူပြုပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရောဂါကာကွယ်ရေးနှိုးဆော်ချက်များ တိတိကျကျလိုက်နာနေထိုင်ကြဖို့လို
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အတည်ပြုလူနာအရေအတွက် ရုတ်တရက် များပြားလာသည်။ အတည်ပြု လူနာများမှာ ပြည်တွင်းကူးစက်မှုများဖြစ်နေခြင်းကလည်း စိုးရိမ်ဖွယ်ရာပင် ဖြစ်သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စောစောပိုင်းကတည်းကပင်ပြည်တွင်း၌တွေ့ရှိရသည့် အတည်ပြု လူနာ ၆၀ ရာခိုင် နှုန်းကျော်ကျော်တွင် မည်သည့်ရောဂါလက္ခဏာမှ ပြသခြင်းမရှိဘဲ လူကောင်းပကတိအတိုင်း တွေ့မြင်ရခြင်း ကြောင့် ကူးစက်လူနာများ ရုတ်တရက်အမြောက်အမြား ပေါ်လာနိုင်ကြောင်း သတိပေးထားခဲ့ရာ ယခု၎င်း အခြေအနေသို့ ရောက်ရှိ နေပြီလားဟု ယူဆစရာဖြစ်သည်။ ။
