“တစ်နိုင်ငံလုံးမှာ ကိုဗစ်ဒုတိယလှိုင်းမဖြစ်အောင် ကျွန်မတို့အားလုံး ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် ဒီဟာကို ဟန့်တားနိုင်ပါတယ်။ ကာကွယ်နိုင်ပါ တယ်။ ကျွန်မတို့ရဲ့ နိုင်ငံတစ်ဝန်းလုံးကို ကာကွယ်နိုင်ပါတယ်။ ရခိုင်ပြည် နယ်ကိုလည်း ကျွန်မတို့ကာကွယ်မယ်။ ကျန်တဲ့ ကျွန်မတို့ရဲ့ နိုင်ငံအတွင်းရှိ ဒေသတွေအားလုံးကိုလည်း ကာကွယ်မယ်။ ပူးပေါင်းဆောင်ရွက်မှုကသာ အဓိကဖြစ်ပါတယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သြဂုတ်လ ၂၄ ရက်နေ့တွင် ပြည်သူ သို့ အစီရင်ခံတင်ပြခဲ့သည်။
လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာ နည်းဥပဒေပြုစုရေးဆွဲမှုအပေါ် အကူအညီပေးရေး အစည်းအဝေးကျင်းပ
နေပြည်တော် ဩဂုတ် ၂၆
လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာနည်းဥပဒေပြုစုရေးဆွဲမှု အပေါ်အကူအညီပေး ရေး အစည်း အဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန် ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual Meeting စနစ်ဖြင့် ကျင်းပသည်။
ဥပဒေအထောက်အကူပေးရေး ဆိုင်ရာ ဆွေးနွေးညှိနှိုင်းခြင်းနှင့် ဥပဒေ၊ နည်းဥပဒေစာအုပ်များ ပေးအပ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အကောင်အထည် ဖော်လျက်ရှိသော လုပ်ငန်း များတွင် ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့က ဥပဒေ အထောက်အကူပေးရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်း ခြင်းနှင့် ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥပဒေ (၂၀၁၆)နှင့် ဥပဒေဆိုင်ရာအထောက်အကူပေးရေး နည်းဥပဒေ (၂၀၁၇) စာအုပ်များလှူဒါန်းခြင်းကို ယနေ့ မွန်းလွဲပိုင်း၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနတွင် ကျင်းပသည်။
“မြန်မာ - တရုတ် နှစ်နိုင်ငံအကြား ချောမွေ့သောကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး”
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချောမွေ့သော ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းအဖွဲ့၏ ပထမအကြိမ်အစည်းအဝေးကို ဩဂုတ်(၂၅)ရက်တွင် မြန်မာနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်နှင့်အဖွဲ့ တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(MOFCOM)၊ အာရှရေးရာဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့တို့ က Video Conferencing စနစ်ဖြင့် ကျင်းပခဲ့သည်။
အာဆီယံခရီးသွားလုပ်ငန်း အရေးပေါ်အခြေအနေဆက်သွယ်ဆောင်ရွက်ရေးအဖွဲ့၏ ကိုဗစ်-၁၉ ဆိုင်ရာ ဒုတိယ အကြိမ်မြောက် Video Conferencing အထူးအစည်းအဝေးကျင်းပ
အာဆီယံခရီးသွားလုပ်ငန်းအရေးပေါ် အခြေအနေဆက်သွယ်ဆောင်ရွက်ရေးအဖွဲ့၏ ကိုဗစ်-၁၉ ဆိုင်ရာ ဒုတိယအကြိမ်မြောက် Video Conferencing အထူးအစည်းအဝေး (2nd Special Video Conference Meeting of ASEAN Tourism Crisis Communication Team on COVID-19) ကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ ကျင်းပသည်။
မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုဖျော်ဖြေပွဲကို MRTV မှ အပတ်စဉ် သောကြာနေ့ ညတိုင်း ပြသ လျက်ရှိ
မြန်မာ့ရုပ်ရှင်ရာပြည့်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ရုပ်ရှင်တေးသီချင်း အပုဒ် (၁၀၀)ကို တစ်ပတ်လျှင် (၁၀)ပုဒ်ဖြင့် အပတ်စဉ် သောကြာနေ့ညတိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ည(၈)နာရီသတင်းများအပြီးတွင် ထုတ်လွှင့်လျက်ရှိရာ ဩဂုတ် (၂၈)ရက် ညတွင် ပွဲစဉ်(၄)အဖြစ် စန္ဒရားကိုခင်လှ ၊ စန္ဒရားတင်ကိုကို တေးဂီတ အဖွဲ့နှင့် အတူ တေးသံရှင် ထား၊ ရီရီသန့် ၊ ခင်စိုးဝင်း ၊ စိမ်းလဲ့လဲ့ ၊ သူဇာအောင် ၊ မေသက်ထားဆွေ ၊ တင်ဦးလေး၊ သန်းမြတ်စိုး ၊ မောင်သိန်းဝင်း ၊ကျော်ကျော်ဟန် ၊ဝိုင်းလမင်းအောင်၊ စန္ဒရားတင်ကိုကို တို့ကဖျော်ဖြေ တင်ဆက် ကြမည် ဖြစ်သည်။
နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီ ကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်၏ သက်ရောက်မှုကာလ တိုးမြှင့်သတ်မှတ်ခြင်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက (၂၉-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော နိုင်ငံတကာ ခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီ ကန့်သတ် ခြင်းဆိုင်ရာ ညွှန်ကြားချက် (Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel) ၏ သက်ရောက်မှုကာလကို COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် (၃၁-၈-၂၀၂၀) ရက်နေ့၊ မြန်မာစံတော် ချိန် (၂၃:၅၉) နာရီအထိ တိုးမြှင့် သတ်မှတ်ခဲ့ပါသည်။
ပန်းတဉ်း အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ၂၀၀ ကျပ်တန်ရောင်းချပေးမည်
မြန်မာ့ယဉ်ကျေးမှု သုခုမ အနုပညာရပ်များကို မျိုးဆက်သစ် လူငယ်များအကြား ပိုမိုသိရှိ အလေးထားစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ စာတိုက်လုပ်ငန်းမှ သုခုမအနုပညာ ပန်းဆယ်မျိုးတွင် အပါအဝင်ဖြစ်သော ပန်းတဉ်း အထိမ်းအမှတ် အထူးထုတ်စာပို့တံ ဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) (၁)မျိုးအား ၂၀၂၀ပြည့်နှစ်၊ သြဂုတ် (၂၈) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ ဝါခေါင် လဆန်း(၁၀)ရက် (သောကြာနေ့)၊ နံနက် ၉ နာရီမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး ၊ရန်ကုန် စာတိုက်ကြီး၊ မန္တလေးစာ တိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့တော်စာတိုက်ကြီးများ တွင် ရောင်းချပေး သွားမည်ဖြစ်သည်။
ကမ္ဘောဇဘဏ်က ရခိုင်ပြည်နယ်သို့ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းခုနစ်မျိုးနှင့် ငွေကျပ်သိန်း ၃၀၀ အရေးပေါ် ပေးပို့လှူဒါန်း
ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများပိုမိုထိရောက်စေရန်အတွက် ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက အလှူငွေကျပ် သိန်း ၃၀၀ နှင့် အထောက်အကူပြုပစ္စည်းများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ယနေ့နံနက်ပိုင်းတွင် လွှဲပြောင်းပေးအပ်ကြောင်း သိရ သည်။
