ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး မှန်ကန်သော သတင်းအချက်အလက်ရရှိရေးနှင့် သတင်းမှား များဖြင့် အထိတ်တလန့်ဖြစ်စေမှုများကို ရှောင်ရှားရန် အသိပညာပေးဆွေးနွေးပွဲကို မတ် ၂၆ ရက် ညပိုင်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တွင် ထုတ်လွှင့်ခဲ့သည်။
COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထု အခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာ့ရိုးရာမဟာသင်္ကြန် ရုံးပိတ်ရက်ကာလအတွင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အထူးအစီအစဉ်များ ပြသသွားမည်
၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၁၀ ရက်မှ ၁၉ ရက်အထိ မြန်မာ့ရိုးရာ မဟာသင်္ကြန်ရုံးပိတ်ရက် ကာလအတွင်း မူလပြသနေသည့် ရုပ်သံဇာတ်လမ်းတွဲများအပြင် မိသားစုနှင့်အတူ အပန်းဖြေအနားယူကြမည့်
ကချင်ပြည်နယ်အတွင်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး Quarantine လုပ်ထားသူများ အနေဖြင့် ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များအပေါ် လိုက်နာခြင်းမရှိပါက အရေးယူ ဆောင်ရွက်သွားမည်
Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကို ကချင်ပြည်နယ်အတွင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် သွားလာမှုကန့်သတ်ထားသူ များအနေဖြင့် သတ်မှတ်ကာလအတွင်းထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များအပေါ် လိုက်နာ ခြင်းမရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ် ၃၀ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ် အဆင့်လုပ်ငန်းကော်မတီနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က မှာကြားသည်။
မောင်တောမြို့နယ်၌ ARSA အဖွဲ့က ဆွဲမိုင်းတစ်လုံးဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသား နှစ်ဦးသေဆုံး၊ သုံးဦး ဒဏ်ရာရ
မောင်တောမြို့နယ်၌ ယနေ့နံနက်ပိုင်းတွင် ARSA အဖွဲ့က ဆွဲမိုင်းတစ်လုံး ဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသား နှစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မြန်မာ-ထိုင်း နယ်စပ် မယ်ဆိုင်ချောင်းတစ်လျှောက် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများ မရှိစေရန် တာချီလိတ်ဘက်မှ လုံခြုံရေးစောင့်ကြပ်ကြည့်ရှုမှုများ ဆောင်ရွက်မည်
ရှမ်းပြည်နယ်အရှေ့ပိုင်း မြန်မာ-ထိုင်းနယ်စပ် မျဉ်း မယ်ဆိုင် မြစ်ချောင်းတစ်လျှောက်တွင် တာချီလိတ်မြို့သို့ တရားမဝင် ဝင်/ ထွက်သွား လာမှု မရှိစေရန် ဝင်ရောက်နိုင်မည့်နေရာများ၌ ပူးပေါင်းအဖွဲ့များဖြင့် စောင့်ကြပ် ကြည့်ရှု သွားမည်ဖြစ်ကြောင်း သိရသည်။
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိ
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေး အတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်း တို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၇ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး မတ် ၂၉ ရက်တွင် မန္တလေး- မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၁၉၆၈ စီး၊ သွင်းကုန် ၂၀၄၃ စီး၊ ရန်ကုန်-မြဝတီ လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှု ယာဉ် သွင်းကုန် ၂၅၅ စီး ကုန်စည် များ သယ်ယူပို့ဆောင်လျက် ရှိသည်။
ကမ္ဘောဇဘဏ်မှ လှူဒါန်းထားသည့် ဆေးရုံသုံးပစ္စည်းများ မြန်မာနိုင်ငံသို့ စတင်ရောက်ရှိ ဖြန့်ဝေလှူဒါန်း
နေပြည်တော် မတ် ၃၀
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ ထိရောက်စွာ ဆောင်ရွက် နိုင်ရန်အတွက် ကမ္ဘောဇဘဏ်မှ လှူဒါန်းထားသည့် ငွေကျပ်သိန်း ၁၄၀၀၀ ကျော်တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများ ကို ကုန်းလမ်းမှ မူဆယ်မြို့နှင့် မန္တလေးမြို့သို့ စတင်ရောက်ရှိ ကြောင်း သိရသည်။
Quarantine ဝင်ရသူများအတွက် "စောစောပြော" Mobile App ရေးဆွဲ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏လမ်းညွှန်မှုဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများနှင့် နည်းပညာရှင် လူငယ် ကိုထူးမြင့်နောင် (Technomation)တို့ ပူးပေါင်းပြီး Quarantine လုပ်သူများအတွက် "စောစောပြော" Mobile App ကို ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြန်မာစတော့အညွှန်းကိန်းကျဆင်းခဲ့သော်လည်း စတော့ရောင်းအားကျဆင်းသွားခြင်းမရှိသေး
COVID – 19 ရောဂါ ကူးစက်ပျံ့နှံ့မှု ဂယက်ကြောင့် မြန်မာစတော့အညွှန်း ကိန်း ကျဆင်းခဲ့သော်လည်း စတော့ ရောင်းအား သိသိသာသာကျဆင်း သွားခြင်း မရှိသေးကြောင်း ရန်ကုန် စတော့အိတ်ချိန်းမှ အမှုဆောင်အကြီး တန်း မန်နေဂျာ ဦးသက်ထွန်းဦးက ပြောသည်။
