Skip to main content

COVID-19 အသိပညာပေး စကားဝိုင်း

COVID-19 ရောဂါနဲ့ပတ်သက်ပြီး ထိခိုက်လွယ်တဲ့လူတွေကို ရောဂါပိုးကူးစက်မှုကနေ ဘယ်လိုကာကွယ်မလဲ အသိပညာပေးဆွေးနွေးပွဲကို မတ်လ ၂၄ ရက်နေ့ ညပိုင်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ခဲ့သည်။

ပြည်တွင်းရွှေဈေး ဆက်လက်ကျဆင်းနိုင်

နေပြည်တော် မတ် ၃၀

လက်ရှိ ပြည်တွင်းစျေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၁၄၀၀၀၀ ခန့်ရှိပြီး ဆက်လက်ကျဆင်းနိုင်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးအုန်းမြိုင် က ပြောသည်။

"အခုဟာ COVID-19 က ကမ္ဘာနဲ့အဝှမ်း ဖြစ်သွားတော့ အရောင်းအဝယ်တွေလည်း အကုန်လုံး ရပ်သွား တာပေါ့၊ စျေးကွက်အလားအလာအရတော့ ကျနိုင်တယ်"ဟု ဦးအုန်းမြိုင်က ပြောသည်။

နယ်စပ်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည့် မြန်မာနိုင်ငံသားများအား ပန်ကြားချက်

၁။ မြန်မာနိုင်ငံ၌ (၂၉-၃-၂၀၂၀) ရက်နေ့အထိ COVID-19 ရောဂါပိုး‌တွေ့ရှိသူ (၁၀) ဦး ရှိလာပြီး၊ ၎င်းတို့အနက် အသက်(၄၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသား တစ်ဦးသည် (၂၃-၃-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီနယ်စပ်ဂိတ်မှတစ်ဆင့် ဝင်ရောက်ကာ မင်္ဂလာဒုံမြို့နယ်သို့ ရောက်ရှိနေထိုင်ခဲ့ပြီး (၂၉-၃-၂၀၂၀) ရက်နေ့ ဓါတ်ခွဲနမူနာအဖြေအရ COVID-19 ရောဂါပိုး ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

ဗိုင်းရပ်စ်ပျံ့နှံ့မှုကာကွယ်ရေးအတွက် ထိန်းချုပ်ကန့်သတ်စောင့်ကြည့်မှု

ကိုဗစ် -၁၉ ရောဂါကူးစက်ခံရကြောင်း ဓာတ်ခွဲအတည်ပြုလူနာ နှစ်ဦးကို စတင်တွေ့ရှိခဲ့ရသည့် မတ်လ ၂၃ ရက်နေ့မှ စတင်၍ မတ်လ ၃၀ ရက်အထိ ရက်သတ္တတစ်ပတ်အတွင်း အတည်ပြုလူနာ ၁၄ ဦးအထိ ရှိလာ ခဲ့ပြီဖြစ်သည်။ အစောပိုင်းတွင်အတည်ပြုလူနာ များအဖြစ် အမေရိကန်၊ အင်္ဂလန်၊ ဆွစ်ဇာလန် စသည့် နိုင်ငံ များမှ ဝင်ရောက်လာသူများ ကူးစက်ခံလာရခြင်းကို တွေ့ရှိခဲ့ရပြီး မတ်လ ၂၉ ရက်နေ့တွင်မူ ထိုင်းနိုင်ငံမှ ဝင်ရောက် လာသူတစ်ဦးနှင့် ပြည်ပခရီးသွားရောက်ခဲ့ခြင်း မရှိသူတစ်ဦးတို့တွင် ဗိုင်းရပ်စ်ကူးစက် ခံထား ရကြောင်း တွေ့ရှိလာရခြင်းဖြစ်သည်။  မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် ထိုင်း နိုင်ငံသည် ပြည်ပသို့ သ

Subscribe to နေပြည်တော်