Aug 17, 2023
ဝန်ထမ်းတွေ လုပ်ငန်းခွင်ရွှင်လန်းတက်ကြွကျေနပ်မှု (Job Satisfaction) ရှိရှိနဲ့ တာဝန်ထမ်းဆောင်နိုင်ရေးဟာ အဲဒီဝန်ထမ်းနဲ့ ဌာနအကြား တရားဝင်လက်မှတ်ရေးထိုး ချုပ်ဆိုထားတာဖြစ်စေ၊ အလွတ်သဘောမျိုးဖြစ်စေ နှစ်ဦးနှစ်ဖက်အကြား သဘောတူထားရှိတဲ့ ဝန်ထမ်းတစ်ဦးအနေနဲ့ မိမိတာဝန်ထမ်းဆောင်လျက်ရှိတဲ့ အဖွဲ့အစည်းအပေါ်ထားရှိရမယ့် ကတိကဝတ် (Organizational Commitment)နဲ့ သက်ဆိုင်ရာဌာနဘက်ကလည်း မိမိဝန်ထမ်းရဲ့ တရားဝင်ရရှိရမယ့် အရာတွေနဲ့စပ်လျဉ်းပြီး ဘာတွေပြန်လုပ်ဆောင်ပေးလဲဆိုတဲ့ အကြောင်းနှစ်ရပ်ကထွက်ပေါ်လာတဲ့ အကျိုးရလဒ်ဖြစ်ပါတယ်။
Aug 17, 2023
ယနေ့ကမ္ဘာ့ပြဿနာများကို ဆန်းစစ်ကြည့်လျှင် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအရ အားပြိုင်မှုများနှင့် ကမ္ဘာအနှံ့ဩဇာထူထောင်၊ ပါဝါအပြိုင်တည်ဆောက်ကြခြင်းကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံရေးအရ ကျောထောက်နောက်ခံပေးပြီး ထင်သာမြင်သာရှိသည့် စစ်ရေးအရ ဝင်စွက်ဖက်မှုပုံစံမျိုးရှိသလို နောက်ကွယ်မှ စီးပွားရေးအရ နယ်ချဲ့ပုံစံအမျိုးမျိုးဖြင့် တိုင်းပြည်တစ်ပြည်ကို ကိုယ်လိုချင်သည့် ပုံစံမျိုးပုံဖော်သိမ်းသွင်းပုံများကို လေ့လာသိရှိထားရန် လိုအပ်ပါသည်။
Aug 17, 2023
၁၂-၈-၂၀၂၃ ရက်နေ့ (စနေနေ့)ဒုတိယဝါဆိုလပြည့် ကျော် ၁၁ ရက်။ နေမပူ၊ မိုးမရွာ၊ နံနက်ခင်းလေပြည်လေညင်းနှင့် ခြေခင်းလက်ခင်းကလည်း သာလှသည်။ မိုးပြာရောင် ကောင်းကင်နောက်ခံတွင် တင့်တယ်စွာ စံပယ်နေတော်မူသည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွား ဆင်းတုတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုရန် ရပ်ဝေးရပ်နီး ခရီးအသွယ်သွယ်တို့မှ ရောက်ရှိလာကြသည့် ရဟန်းရှင်လူပြည်သူများက ရင်ပြင်တော်ပြည့်လုနီးမျှ အုန်းအုန်းကျွက်ကျွက် စည်ကားလျက်ရှိသည်။ ကြည်နူးချမ်းမြေ့ခြင်း၊ အေးချမ်းသာယာခြင်း၊ ဝမ်းမြောက်ပျော်ရွှင်ခြင်းတို့က လူတိုင်းကိုယ်စီ၏ အဇ္ဈတ္တ၊ ဗဟိဒ္ဓသန္တာန်တို့တွင် ထင်ဟပ်လျက်၊ ကုသိုလ်တရားနှင့် စိတ်ကောင်း စိတ်မြတ်တို့က ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းနေသည်ဟု မှတ်ယူခံစားမိသည်။
Aug 16, 2023
အကြမ်းဖက်အဖွဲ့အစည်းတွေဟာ အချိန်နေရာဒေသမရွေး အပြစ်မဲ့ပြည်သူလူထုကို ခြိမ်းခြောက်သတ်ဖြတ်လေ့ရှိကြလို့ ကမ္ဘာပေါ်မှာရှိတဲ့ လူ့အဖွဲ့အစည်းတိုင်းဟာ အကြမ်းဖက်ဝါဒရဲ့ခြိမ်းခြောက်မှုကို ခံနေရပါတယ်။ စစ်ရေးဆိုင်ရာပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေ၊ အရပ်ဘက်အခြေခံအဆောက်အဦတွေ၊ နိုင်ငံရဲ့အထင်ကရ အရေးပါတဲ့ နေရာတွေကို တိုက်ခိုက်ဖျက်ဆီးလေ့ရှိကြတဲ့ အကြမ်းဖက်အဖွဲ့အစည်းများရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကမ္ဘာ့နိုင်ငံအသီးသီးက လက်မခံဘဲ အမြဲတမ်းသတိကြီးစွာထားပြီး ကာကွယ်နေကြရတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
Aug 15, 2023
မြန်မာနိုင်ငံမှာလည်း စိုက်ပျိုးမွေးမြူရေးဆိုင်ရာ စက်ရုံအလုပ်ရုံတွေ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းတွေကို Research and Development ပိုင်းအတွက် တက္ကသိုလ်၊ ကောလိပ်တွေနဲ့ချိတ်ဆက် ဆောင်ရွက်နိုင်မယ်ဆိုရင် စက်မှုလက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်ကောင်းမွန်စေမှာဖြစ်သလို ပြည်သူတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိလာမယ်လို့ သုံးသပ်မိပါတယ်။
Aug 15, 2023
အသက် (၁၅) နှစ်အရွယ် ကျော်လာသူကို လူငယ်ဟုဆို၏။ လူငယ်များသည် ကလေးနှင့်လူကြီးဟူသော အရွယ်နှစ်ခု၏စပ်ကြား ပေါင်းကူးတံတားဖြစ်၏။ ကလေးဘဝမှ လွန်မြောက်လာသော်လည်း လူကြီးဘဝသို့လည်း မရောက်သေး။ ရင့်ကျက်သောလူကြီးမဖြစ်သေးသည့်တိုင်အောင် ဆင်ခြင်တုံတရား ကင်းမဲ့သောကလေးလည်းမဟုတ်တော့။ အရာရာကို လက်တွေ့ကျကျ လေ့လာဆည်းပူးသည့်အရွယ်။ ကလေးဘဝကဲ့သို့ လူကြီးပြောသမျှ ခြွင်းချက်မရှိလက်မခံတတ်။ လက်တွေ့နှင့်ယှဉ်၍ မှန်၏၊ မမှန်၏၊ ကောင်း၏၊ မကောင်း၏ ကိုယ်ပိုင်ဆုံးဖြတ်ပြီးမှ လက်ခံသောအရွယ်ဖြစ်သည်။
Aug 15, 2023
ယနေ့သည် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးသို့ အများပြည်သူဖူးမြော် နိုင်ရန် ဖွင့်လှစ်ပေးခဲ့သော ခုနစ်ရက်မြောက် နေ့(တနင်္လာနေ့)ဖြစ်သည်။ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဆီ ဦးတည်ရာ လမ်းကြောင်းတွင် ဘုရားဖူးယာဉ်များ သင့်တင့်စွာရှိနေသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုမရှိ ဗုဒ္ဓပရိဝုဏ်အတွင်းသို့ ချောမွေ့စွာ ရောက်ရှိနိုင်ခဲ့သည်။
Aug 15, 2023
မာရဝိဇယမြတ်ဗုဒ္ဓကို ရပ်နီးရပ်ဝေးက ရဟန်းရှင်လူပြည်သူတွေ အများအပြား စည်ကားသိုက်မြိုက်စွာ လာရောက်ဖူးမြော်ကြည်ညိုကြတာ တွေ့မြင်ရတော့ စိတ်ထဲမှာ အလွန်ကြည်နူးလိုက်တာလေ။
Aug 15, 2023
မြန်မာသတင်းစာများ သမိုင်းကို ပြန်လှန်သုံးသပ်ကြည့်ရလျှင်မူ ခေတ်ဦး သတင်းစာများမှသည် ၁၉၂၀ ပြည့်နှစ်မှ ၁၉၂၉ ခုနှစ်အတွင်းထုတ်ခဲ့သည့် သတင်းစာများတွင် နိုင်ငံရေးလှုပ်ရှားမှုများ ပိုမိုထင်ဟပ်ခဲ့သည်။ ခေတ်ဦးသတင်းစာအများစုသည် အဖွဲ့အစည်းတစ်ခုခုကို ထောက်ခံရေးသားလေ့ရှိကြသည်။ ထိုအချိန်တွင် ကာရန်သွင်း နဘေထပ်သတင်းစာအရေးအသား လည်း အနည်းငယ်ပျောက်သလောက် ဖြစ်လာကာ သတင်းကိုထောင့်စုံအောင်ထည့်သွင်းပြီး သတင်းအနေအထား အပြင်အဆင်၊ ခေါင်းစည်းတပ်ပုံစသည်တို့ ထူးခြားတိုးတက်လာသည်။ ကာတွန်း အသုံးပြုမှုလည်း အရှိန်ရလာခဲ့ပြီး သတင်းဓာတ်ပုံများလည်း အသုံးပြုလာခဲ့သည်။
Aug 14, 2023
(၁၇)ကြိမ်မြောက် အာဆီယံ-တရုတ် လူမှုဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုလျှော့ချရေးဖိုရမ် (ASEAN-China Social Development and Poverty Reduction Forum)တက်ရောက်ဖို့အတွက် စာရေးသူအနေနဲ့ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ကိုနေထက်ရှိန်၊ ကလောမြို့နယ် ဘော်နင်းကျေးရွာမှကျေးရွာအုပ်ချုပ်ရေးမှူး ကိုမောင်ညိုတို့နဲ့ အတူ ၂၄-၆-၂၀၂၃ ရက်နေ့မှာ ရန်ကုန်-ကွမ်ကျိုးနှင့် ကွမ်ကျိုး-နန်နင်း ခရီးစဉ်တို့ကို လေယာဉ်၊ နန်နင်း မှ Beihai (ပေဟိုင်)ခရီးစဉ်ကိုတော့ ကားနဲ့စီးခဲ့ရလို့ လေယာဉ်နှစ်ဆင့်၊ ကားတစ်ဆင့်စီးပြီး ခရီးနှင်ခဲ့ရပါတယ်။ ကွမ်ကျိုးလေဆိပ်မှာ ခြောက်နာရီကြာ စောင့်ရလို့သိပ်အဆင်မပြေပေမယ့် Southern China Airline Business Lounge မှာ စောင့်ရတာ သက်သောင့်သက်သာတော့ရှိပါတယ်။ နန်နင်းကို ရောက်တော့ ည ၁၂:၀၀ နာရီ၊ နန်နင်းမှ ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့် တာဝန်ရှိသူအပါအဝင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ဝန်ရုံးမှ ကိုကျော်စိုးသိမ်း၊ Counsellor General နဲ့ Ms. Daisy၊ မြန်မာစာနဲ့ဘွဲ့ရတဲ့ တရုတ်ဝန်ထမ်းတို့ လာကြိုပါတယ်။ မြန်မာစကားပြန်ပါတော့ အစစအဆင်ပြေပါတယ်။
