Jan 22, 2021
စာအုပ်ထုတ်ဝေသူများ၊ စာအုပ်စာစောင်ဖြန့်ချိသူများနှင့် စာဖတ်ပရိသတ်များ၊ စာရေးဆရာများကြားတွင် ပေါင်းကူးတံတားအသွင် ထွက်ပေါ်လာမည့် 7Book Zay Online Bookstore ၏ မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ဗွီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ ရှေးဦးစွာ စာရေးဆရာကြီးများဖြစ်ကြသည့် ဆရာချစ်ဉီးညို၊ ဆရာမောင်သာချို၊ ဆရာမပုညခင်နှင့် ဆရာမစပယ်ဖြူနု တို့၏ ဂုဏ်ပြုအမှတ်တရစကား ရုပ်သံဖိုင်ကို ပြသသည်။
Jan 22, 2021
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့နံနက် ၀၈၀၀ နာရီမှ စတင်၍ video conference ဖြင့် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပါဝင်တက်ရောက်ခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြသည်။
Jan 22, 2021
နှစ်ဦးကာလအတွက် သတင်းကောင်းမှာ ယနေ့ဆိုလျှင် မြန်မာနိုင်ငံအတွက် ကာကွယ်ဆေး တစ်သန်းခွဲရောက်ရှိလာမည် ဖြစ်ပါသည်။ လူတစ်ဦးအတွက် ဆေးနှစ်ကြိမ်ထိုးရမည်ဖြစ်သောကြောင့် လူခုနစ်သိန်းခွဲကို စတင်ထိုးနှံပေးနိုင်တော့မည်ဟု သိရပါသည်။ ကာကွယ်ဆေး ထုတ်လုပ်နိုင်မှုနှင့် ထိုးရန် လိုအပ်သည့် အရေအတွက်မှာ မမျှမတ ဖြစ်နေသောကြောင့် လူတိုင်းကို တစ်ခါတည်း ထိုးနိုင်ဦးမည် မဟုတ်ဘဲ၊ နိုင်ငံတိုင်းတွင် ဦးစားပေးအစီအစဉ်များ ရေးဆွဲကာ အလှည့်ကျစနစ်ကို စီစဉ်နေရပါသည်။
Jan 22, 2021
ကိုဗစ်-၁၉ ရောဂါ ကမ္ဘာပေါ်တွင် စတင်ဖြစ်ပွားခဲ့သည်မှာ တစ်နှစ်တာကာလ ရှိပြီဖြစ်သည်။ ရောဂါဖြစ်ပွားရခြင်းဇာစ်မြစ်ကို တိတိကျကျသေသေချာချာ ထုတ်ဖော်နိုင်ခြင်းမရှိသော်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အမျိုးမျိုး တရားဝင်ပေါ်ထွက်လာပြီး နိုင်ငံအများတွင် ဆေးစတင်ထိုးနှံနေကြပြီ ဖြစ်သည်။ ကမ္ဘာတစ်ဝန်း၌ တစ်နှစ်တာကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရသူ သန်း ၁၀၀ ဝန်းကျင်ရှိခဲ့ပြီး ကမ္ဘာ့လူဦးရေ သန်း ၄၀ ကျော်မှာ တစ်လအတွင်း ကာကွယ်ဆေးထိုးနိုင်ခဲ့သည်။
Jan 21, 2021
သုတဝေဖြာသီရိဂေဟာ အသိပညာပေးအစီအစဉ် (Family Quiz) မိသားစုပြိုင်ပွဲ၏ ပွဲစဉ်(၇)ကို ဇန်နဝါရီ (၂၂)ရက်၊ ညနေပိုင်းတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။
Jan 21, 2021
ငါးလုပ်ငန်းကဏ္ဍအပေါ် ကိုဗစ်-၁၉ သက်ရောက်မှုအား တုံ့ပြန်ဆောင်ရွက်မည့် အစီအစဉ် များညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 21, 2021
(၆၇) ကြိမ်မြောက် မြန်မာနိုင်ငံဆရာဝန်အသင်းညီလာခံ အကြို "COVID-19 နှင့် ပတ်သက် သော ပြည်သူ့ကျန်းမာကာကွယ်ရေးဆိုင်ရာများဆွေးနွေးပွဲ ("67th Myanmar Medical Conference Pre-Conference Symposium on COVID-19)" ကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Jan 21, 2021
ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။
Jan 21, 2021
(၃၈) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအထူးအစည်းအဝေး (38th Special Senior Officials Meeting on Energy) နှင့် (၂၃) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ ဗဟိုဌာန အုပ်ချုပ်မှုကောင်စီ အစည်းအဝေး (23rd ASEAN Center for Energy Governing Council Meeting) များကို ဇန်နဝါရီ (၂၁) ရက်နှင့် (၂၂) ရက်တို့တွင် ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် Video Conferencing စနစ်ဖြင့် ကျင်းပလျက်ရှိသည်။
Jan 21, 2021
ပြည်တွင်းအလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းရှင် များအသင်း၏ အလုပ်အမှု ဆောင်များ၊ ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင် အေဂျင်စီများမှ မန်နေးဂျင်း ဒါရိုက်တာများနှင့် ပြည်တွင်းအလုပ်အကိုင်များကို New Nomal နှင့်အညီ ပိုမိုလျှင်မြန် ထိရောက်စွာ ရှာဖွေပေးနိုင်ရေး ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Jan 21, 2021
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျပန်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအပါအဝင် မြန်မာ နိုင်ငံသားစုစုပေါင်း (၇၁)ဦးအား တိုကျိုမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် All Nippon Airways (ANA) လေကြောင်းလိုင်း၊ ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ၅ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာပြန်လည် ရောက်ရှိခဲ့ကြသည်။
Jan 21, 2021
ကယားပြည်နယ်နေ့ အထိမ်းအမှတ် မဂ္ဂဇင်းနှင့် ပြက္ခဒိန်ထုတ်ဝေရာတွင် ပါဝင် ဆောင်ရွက် ခဲ့သည့် စာတည်းအဖွဲ့များ ၊ မဂ္ဂဇင်းစာမူရှင်များ ၊ ပြက္ခဒိန်ရိုက်ကူးရေးအဖွဲ့များအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေများပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 21, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အရှေ့တောင်အာရှနိုင်ငံများ အသိဉာဏ် ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ - ဂျပန် (South East Asian IP Network of Japanese Commerce and Industry-SEAIPJ), JETRO Bangkok နှင့် ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ ပူးပေါင်းကျင်းပသည့် မူပိုင်ခွင့်ဆိုင်ရာ အရေးယူဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် အသိပညာပေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီ တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Jan 21, 2021
နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပ နိုင်ငံများတွင် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် အကြိမ် (၄၀) မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၇ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိ ကြသည်။
7 Book Zay Online Bookstore မိတ်ဆက်ပွဲအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတက်ရောက်
Jan 21, 2021
စာပေထုတ်ဝေဖြန့်ချိရေးကဏ္ဍအား ဒီဂျစ်တယ်စီးပွားရေး လုပ်ငန်းသစ်တစ်ခုအဖြစ် ပိုမိုတိုးတက်အောင်မြင်စေရေးနှင့် ပံ့ပိုးကူညီပေးနိုင်ရေး အတွက် 7 Book Zay Online Bookstore (7BookZay.com) မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက Virtual စနစ်ဖြင့် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်ခဲ့သည်။
Jan 21, 2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၈၉ တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိ ရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေး ဆောင်ရွက်စေရမည်ဟု ပြဋ္ဌာန်းထားသည်။
Jan 21, 2021
အမေရိကန်နိုင်ငံရေးဂယက် လှုပ်ရှားပူလောင်နေမှုတို့ တဖြည်းဖြည်းချင်း ငြိမ်သက်အေးချမ်းမှု ဘက်သို့ ရွေ့ လျားလာသည်ကို တွေ့ရပါသည်။
Jan 20, 2021
(၁၉-၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၀-၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၀,၄၇၆) ခုအားစစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၄၇၈) ဦး တွေ့ရှိရပါသည်။
Jan 20, 2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း (INGOs) များနှင့် ထိရောက်သည့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေး အတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Jan 20, 2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ဂျပန်-မြန်မာ အသင်းဥက္ကဋ္ဌနှင့် ဂျပန်အထက် လွှတ်တော်အမတ်ဟောင်း မစ္စတာ ဝါတာနာဘေး ဟိဒဲအိုအား ယနေ့မွန်းလွဲ ၂ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
