Skip to main content

Jun 10, 2021

ဖေ့စ်ဘွတ်သည် လူသားအချင်းချင်းတို့ လွယ်ကူချောမွေ့စွာ ထိတွေ့ဆက်ဆံရေးနှင့် လူသားအကျိုးပြုရန်အတွက် ထူထောင်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်အသုံးပြုသူများ တစ်နှစ်ထက်တစ်နှစ်တိုးပွားလျက်ရှိပြီး သန်းပေါင်း များစွာသော ပြည်သူများသည် နေ့စဉ်နှင့်အမျှ ဖေ့စ်ဘွတ်နှင့်အတူ ရှင်သန်နေထိုင် လျက်ရှိသည်။ ဖေ့စ်ဘွတ်ဆိုင်ရာ အချက်အလက်များစွာတို့နှင့်အတူ ကျင့်ဝတ်စံနှုန်း များကိုပါမျှဝေပေးထားသဖြင့် ဖေ့စ်ဘွတ်အသုံးပြုသူ အတော်များများ နားလည် သိရှိနေကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 10, 2021

မြန်မာ့ပင်လယ်ပြင်တွင် ယခုနှစ် ငါးမဖမ်းရ ရာသီကို မေ၊ ဇွန်၊ ဇူလိုင် သုံးလသတ်မှတ်ထားရာ ယခုကာလသည် ငါးဖမ်းရေယာဉ်များ ကမ်းခြေတွင် ဆိုက်ကပ်ရပ်နားနေရချိန်ဖြစ်ပြီး ပင်လယ်ပြင်၌မူ မျိုးငါးကြီး များများပေါက်ရန် ပြင်ဆင်လှုပ်ရှားနေကြချိန်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းမှာ စုစုပေါင်းမိုင် ၁၂၀၀ ခန့် ရှည်လျားပြီး ရခိုင်၊ ဧရာဝတီနှင့် တနင်္သာရီဟူသော အပိုင်းသုံးပိုင်းတွင် ပင်လယ်ငါးဖမ်းလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ၂၀၁၃ ခုနှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင်တိုင်းတာခဲ့သည့် စစ်တမ်းများအရ မြန်မာ့အဏ္ဏဝါ ရေပြင်၏ ငါးသယံဇာတကြွယ်ဝမှုအခြေအနေမှ လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော်ကနှင့် နှိုင်းယှဉ်လျှင် ရေပေါ်ငါးသယံဇာတသည် ၉၀ ရာခိုင်နှုန်း၊ ရေအောက်ငါးသယံဇာတသည် ၆၀ ရာခိုင်နှုန်း ကျဆင်း သွားခဲ့ရာ လွန်စွာစိုးရိမ်ဖွယ်အခြေအနေပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 09, 2021

နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အင်းကြင်းခန်းမ၌ ကျင်းပရာ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ ဉက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 09, 2021

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၆ ရက်မှ ၉ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့၌ ကျင်းပခဲ့သည့် အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်အဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး အထူးလေယာဉ်ဖြင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 09, 2021

ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း) (၁/၂၀၂၁) နှင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးကော်မတီ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စုဝေးခန်းမဆောင်၌ ကိုဗစ်-၁၉ ညွှန်ကြား ချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 09, 2021

(၈-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၉-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁,၇၄၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၃၆) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၆၃၆,၇၉၁) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၄,၇၁၅) ဦး ရှိပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 09, 2021

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများအား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 09, 2021

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်း ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အစည်းအဝေး ၂/၂၀၂၁ ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 09, 2021

ရုရှား- မြန်မာအစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး ပူးတွဲကော်မရှင်အစည်းအဝေး ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 09, 2021

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ် တားဆီးထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်၍ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီအစည်းအဝေး (၁/၂၀၂၁) ကို ယနေ့မွန်းလွဲ ၂ နာရီတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 09, 2021

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းတို့နှင့်အတူ ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဥတ္တရ သီရိမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ (ကွမ်းခြံစု)၊ အခြေခံပညာအထက်တန်း ကျောင်း(မင်းကုန်း)၊ အခြေခံပညာအထက်တန်းကျောင်း(ငန်းစပ်)နှင့် အခြေခံပညာအလယ် တန်းကျောင်း (ရွှေနံ့သာ)ကျောင်းများသို့ သွားရောက်၍ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြား သင်ယူနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 09, 2021

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး များဖြစ်သည့် ဦးအေးထွန်း၊ ဦးထွန်းအုံတို့နှင့်အတူ ယနေ့မွန်းတည့် ၁၂ နာရီတွင် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့၊ မဟာဇနကဗိမာန်နှင့် ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးတို့၌ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုလျက်ရှိသော သံဃာတော်များနှင့် သီလရှင်များကို သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဆက်လက်ဖတ်ရှုရန်

Jun 09, 2021

Electric Vehicle များ တင်သွင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များ ဆွေးနွေးသုံးသပ်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 09, 2021

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိပြီး တိုင်းဒေသကြီး ဦးစီးမှူးက လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 09, 2021

နွယ်ဂျာသိုင်း (၇-၆-၂၀၂၁ မှ အဆက်) -၂“ထိုးမုန့်၊ လမုန့်လောက်နဲ့တော့ မကောင်းပါဘူး မမရာ။ ကျွန်တော့်အနေနဲ့ ပစ္စည်းတစ်ခု ဝယ်ပေး လိုက်ပါဦးမယ် ” ၊ မေလ ကျောင်းပြန်အဖွင့် ရန်ကုန်ပြန်ခါနီးတွင် သက်သက် အလုပ်များနေသလို သက်သက်၏ မောင်လေး ကျော်ကျော်ကလည်း စာရင်းရှုပ်နေ၏။ “မမ ရန်ကုန်ပြန်ရင် ဆရာမကြီးတို့အိမ်အတွက် ဘာဝယ်သွားဦးမှာလဲ ”ဆိုသောအမေးကိုသက်သက် က လွယ်လင့်တကူပင်“စစ်ကိုင်း၊ မန္တလေးကနေ ရန်ကုန်ပြန်ရင် ဝယ်နေ ကျ ထုံးစံအတိုင်း ထိုးမုန့်လေး၊ လမုန့်လေးဝယ်သွား တာပေါ့ဟာ”ဟုပြောမိသည့်အတွက်ကျော်ကျော်က မကျေမနပ်ဖြင့် ထပြောခြင်းဖြစ်သည်။ သက်သက် က ရယ်၍ “မုန့်လောက်တင် မဟုတ်ပါဘူး ကျော်ကျော်ရ။ မမဦးဖို့ သနပ်ခါးတုံးတွေ ဘာတွေလည

ဆက်လက်ဖတ်ရှုရန်

Jun 09, 2021

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ဈေးရပ်ကွက်၊ မြို့မဈေးရှိ သော်တာဝင်းကုန်စုံဆိုင်၌ ယနေ့နံနက် ၁ နာရီခွဲခန့်တွင် ဝါယာကြိုးရှော့ဖြစ်ရာ မှတစ်ဆင့် မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 09, 2021

တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့တွင် လက်လုပ်သေနတ်များအား ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများမှ တစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 09, 2021

ဆူပူအကြမ်းဖက်လုပ်ဆောင်နေသူများနှင့် NLD ပါတီဝင်/ ထောက်ခံအားပေး သူများအနေဖြင့် အချို့မြို့ကြီးများ၌ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေ ရန် ရည်ရွယ်၍ ဖောက်ခွဲရေးလုပ်ငန်းများကို စဉ်ဆက်ပြတ်လုပ်ဆောင်လာသည်ကို တွေ့ရှိရသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းလက်ဦးမှုရယူ၍ ဖော်ထုတ် ဖမ်းဆီးနိုင်ရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို အထူးကြပ်မတ်ဆောင်ရွက် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်