Jan 01, 2021
နှစ်ဟောင်းတစ်နှစ်ကုန်ဆုံးခဲ့ပြီး ၂၀၂၁ ဟူသည့် နှစ်သစ်တစ်နှစ်သို့ ကူးပြောင်းခဲ့ပြီဖြစ်သည်။ ၂၀၂၁ ခုနှစ်ကို ကြိုဆိုချိန်၌ ပြီးခဲ့သည့် ၂၀၂ဝ ပြည့်နှစ်တွင် ဖြတ်သန်းခဲ့သည့် အကြောင်းအရာ၊ ဖြစ်စဉ်ဖြစ်ရပ်များကို အခြေခံကာ နှစ်သစ်၌ အကောင်းဆုံး ရင်ဆိုင်ဖြတ်ကျော်ရန်အတွက် အနုပညာရှင်များ၏ စိတ်ဓာတ်ခွန်အားပေးသည့် စကားများအပါအဝင် နှစ်သစ်ဆုတောင်းစကားသံများအား စုစည်းဖော်ပြလိုက်ပါသည်။
Jan 01, 2021
မြန်မာနိုင်ငံ၏ ငြိမ်းချမ်ရေးဖြစ်စဉ်တွင် တစိုက်မတ်မတ် ပါဝင်ဆောင်ရွက်နေသူများ၊ ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့မှ ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးအတွက် နှစ်သစ်ဆုတောင်းစကားနှင့် ၂၀၂၁ ခုနှစ်အတွက် ငြိမ်းချမ်းရေး မျှော်လင့်ချက်တို့နှင့်စပ်လျဉ်း၍ မေးမြန်းခဲ့သည်များကို ထုတ်နုတ်ဖော်ပြအပ်ပါသည်။
Jan 01, 2021
နယ်ပယ်အသီးသီးမှ စီးပွားရေးလုပ်ငန်းရှင်များ၏ ၂၀၂၁ ခုနှစ်အတွက် နှစ်သစ်ကူးဆုတောင်း
Jan 01, 2021
ဘာသာပေါင်းစုံမှ တာဝန်ရှိသူများ၏ ၂၀၂၁ ခုနှစ်အတွက် နှစ်သစ်ဆုတောင်း
Jan 01, 2021
၂၀၂၁ ခုနှစ် နှစ်သစ်အခါသမယမှာ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းစတဲ့ ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်သ လိုက်ရပါတယ်။
Jan 01, 2021
ယနေ့သည် ခရစ်နှစ် ၂၀၂၀ ပြည့်နှစ်ကိုလွန်မြောက်၍ ၂၀၂၁ ခုနှစ်သို့ -စတင်ကူးပြောင်းရောက်ရှိ သောနေ့ ဖြစ်သည်။ တစ်နှစ်မှတစ်နှစ်သို့ ကူးပြောင်းခြင်းသည် လောကသဘာဝဖြစ်သော်လည်း ယခုနှစ်သစ်သည် မိမိတို့နိုင်ငံကိုအသစ်တစ်ဖန်စတင်သန့်စင်မည့် ထူးခြားသည့် နှစ်တစ်နှစ်ဖြစ်၍ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နှစ်သစ်ဖြစ်စေရန် ပြည်သူပြည်သားအားလုံး လက်တွဲညီညာ ပူးပေါင်းပါဝင်ကြရမည် ဖြစ်ပါသည်။
Jan 01, 2021
နှစ်သစ်ကူးခဲ့ပြီ။ ခရစ်နှစ် ၂ဝ၂ဝ ကို ထားရစ်ခဲ့ကာ ၂၀၂၁ သည် မင်္ဂလာ ရှိစွာ ချင်းနင်းဝင် ရောက်လာပြီ။
Dec 31, 2020
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်မှုများနှင့် စပ်လျဉ်း၍ သုံးသပ် ချက် အစီရင်ခံစာ(မူကြမ်း)အပေါ် ကော်မတီဝင်များ၏ညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့ မွန်းလွဲ ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပသည်။
Dec 31, 2020
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan -NESP) (2021-2030)ရေးဆွဲရေးအတွက် အခြေခံပညာကဏ္ဍနှင့် နည်းပညာ နှင့်သက်မွေးပညာ ကဏ္ဍများမှ ဆရာဆရာမများနှင့် ညှိနှိုင်းဆွေးနွေးပွဲ ဒုတိယနေ့ အစီအစဉ် ကို ယနေ့ နံနက် ၉ နာရီခွဲတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
Dec 31, 2020
လျှပ်စစ်နှင်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပို့ရေးရှင်း ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ ဂယက်လမီး ကျေးရွာအုပ်စု၊ မယ်ပြေကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့်(၃၃/၁၁)ကေဗွီ၊ (၅)အမ်ဗွီအေ မယ်ပြေကျွန်း ဓာတ်အားခွဲရုံသစ်ဖွင့်ပွဲကို ယနေနံနက် ၉ နာရီခွဲက အဆိုပါ ဓာတ်အားခွဲရုံ၌ ကျင်းပခဲ့သည်။
Dec 31, 2020
ယနေ့ကာလတွင် ကိုဗစ်-၁၉ ကပ် ရောဂါကြောင့် မြန်မာနိုင်ငံအတွင်းရှိ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများမှာ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသဖြင့် ယင်းအခက် အခဲများကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းပေးနိုင်ရန်အတွက် လည်း ကောင်း၊ ပြည်တွင်းရှိ အများပြည်သူများ လွယ်လင့်တကူ ဝယ်ယူစားသုံး နိုင်ရေးအတွက်လည်းကောင်း သမဝါယမကဏ္ဍမှ ကူညီဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။
Dec 31, 2020
နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်၏ သက်ရောက်မှုကာလ တိုးမြှင့်သတ်မှတ်ခြင်း
Dec 31, 2020
စီးပွားရေးလုပ်ငန်း စတင်လုပ်ဆောင်ရာ၌ ရရှိနိုင်မည့် အရင်းအမြစ်နှင့် စုပေါင်းဆောင်ရွက်ခြင်းစနစ်ကို အသုံးပြု ခြင်းဖြင့် ပြဿနာများ ကိုင်တွယ်ဖြေရှင်းနိုင်ပုံနှင့် ပတ်သက်ပြီး ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ်စီးပွား ရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ် ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၃၀ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Dec 31, 2020
ကိုဗစ်ရောဂါ၏ အန္တရာယ်ကို ကမ္ဘာကြီးနှင့်အတူ ခုခံရင်း၊ ကာကွယ် ထိန်းချုပ်ကုသရင်း များစွာသောအချိန်တို့သည် ငြိမ်ဆိတ်အုံ့ဆိုင်းစွာ ၂၀၂၀ ပြည့်နှစ်ဟူသည့် နှစ်တစ်နှစ်ပင် ကုန်ဆုံးတော့မည်။ နှစ်တစ်နှစ် ကုန်ဆုံးသည်နှင့်အတူ နှစ်သစ်တစ်နှစ် ဖူးပွင့်လာပြီ။ နှစ်သစ်ဆန်းတော့မည်။
Dec 30, 2020
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၆/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
Dec 30, 2020
ပြန်ကြားရေးဝန်ကြီးဌာန ပြည်တွင်း/ ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Dec 30, 2020
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့အသံ(ရေဒီယို)တွင် ထင်ရှားကျော်ကြားခဲ့သော တေးသီချင်းများအနက်မှ (၇၅)ပုဒ်ကိုရွေးချယ်ပြီး အပတ်စဉ် သောကြာနေ့တိုင်း MRTV ၏ ည ၈ နာရီသတင်းအပြီးတွင် ထုတ်လွှင့် လျှက်ရှိရာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက် (နှစ်သစ်ကူးနေ့) ညတွင် ပွဲစဉ် (၄)ကို ဆက်လက်ဖျော်ဖြေမည် ဖြစ်သည်။
Dec 30, 2020
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာလအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင် လည်ပတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်သူအတွက် အသိပညာ မျှဝေပေးမည့် “ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ် ” ကို နိုဝင်ဘာ၂၅ရက်မှစ၍ အပတ်စဉ်ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များ တွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီ အထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျှက်ရှိသည်။
Dec 30, 2020
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ (၇၃)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၂၀၀ ကျပ်တန်) (၃)မျိုးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ နတ်တော် လပြည့်ကျော် (၆)ရက် (တနင်္လာနေ့)၊ နံနက်(၉)နာရီခွဲမှစတင်၍ နေပြည်တော်ဗဟို စာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက် များတွင် ရောင်းချပေးသွား မည် ဖြစ်သည်။
Dec 30, 2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ် ဒေသတွင် ထိုင်းနိုင်ငံ၊ PTTEP ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် Integrated Domestic Gas to Power Project ကို စတင် ဆောင်ရွက်နိုင်ရန်အတွက် Notice to Proceed ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၀၉:၀၀ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။
