Skip to main content

Nov 24, 2020

င်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်းကြောင့် ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံး၊ ဆိုးလ်မြို့မှ စီစဉ်သည့် မြန်မာအပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၉ ၃၀) နာရီ အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2020

သတ္တမအကြိမ် မြန်မာအိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2020

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများတွင် ပါဝင်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် ကဏ္ဍများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ ၀န်ကြီးဌာနတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2020

အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) အကောင်အထည်ဖော်ခြင်း ဆန်းစစ်သုံးသပ်မှု တင်ပြ ဆွေးနွေးခြင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2020

(၂၆) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များကို နိုဝင်ဘာ (၂၄) ရက်မှ (၂၅) ရက်အထိ ဗီဒီယိုကွန်ဖရင့် ဖြင့် ကျင်းပရာ အစည်းအဝေး ပထမနေ့ဖြစ်သည့် ယနေ့တွင် (၂၆) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေး ဝန်ကြီးများအစည်းအဝေး၊ (၁၉) ကြိမ်မြောက် အာဆီယံ-တရုတ် ပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေး နှင့် အာဆီယံ ပို့ဆောင်ရေး ဝန်ကြီးများနှင့် US-ASEAN Business Council (US-ABC) အစည်းအဝေးများ ကို ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2020

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဖွဲ့စည်းတည်ထောင်သည့် (၂၈) နှစ်ပြည့် အထိမ်းအမှတ် Virtual အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ကျောက်စိမ်း ခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2020

(၂၂) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေး ကို ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2020

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက် ၈နာရီခွဲက ပဲခူးမြို့တွင် ယာယီ ဖွင့်လှစ်ထားရှိသည့် သွန်းဘုရားဈေး၌ ပြည်သူများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များ လိုက်နာရေး၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်နိုင်ရေးတို့အတွက် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းအပြင် နှာခေါင်းစည်း(Mask)များ ဝေငှပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2020

၁။ နိုင်ငံတော်သမ္မတရုံးသည် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် မြန်မာတပ်မတော်နှင့် ARSA အကြမ်းဖက်အဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေးချိုးဖောက်မှုများရှိကြောင်း စွပ်စွဲချက်များအပေါ် စုံစမ်းစစ်ဆေးရန် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Enquiry-ICOE) ကို ဖွဲ့စည်းခဲ့ပြီး ကော်မရှင်က တင်ပြခဲ့သည့် အပြီးသတ်အစီရင်ခံစာအပေါ် နိုင်ငံတော်သမ္မတရုံးက ၂၁-၁-၂၀၂၀ ရက်စွဲဖြင့် ICOE အစီရင်ခံစာနှင့်စပ်လျဉ်း၍ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန်နှင့် အထောက်အထားများခိုင်လုံပါက တရားစွဲဆိုမှုများပြုလုပ်ရန်၊ လက်နက်ကိုင် ပဋိပက္ခများအတွင်း ပေါ်ပေါက်ခဲ့သည့် ပစ္စည်းဥစ္စာဖျက်ဆီးခံရမှုများ၊ လုယက်မှုများ၊ အရပ်သားများက ကျူးလွန်ခဲ့သည့် အခြားရာဇဝတ်မှုများအား ဆက်လက်စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများ ပြုလုပ်ရန် ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ညွှန်ကြားခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2020

ဟားခါးမြို့တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း တင်းနစ်ကစားသူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ တင်းနစ်ကစားကြရန် နိုဝင်ဘာ ၂၁ ရက်နေ့က ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့် တာဝန်ရှိသူများက တင်းနစ်ကစားကွင်းသို့ သွားရောက်၍ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၇၀ ကို ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2020

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အဖြစ် ဆောင်းပါးနှင့် ဝတ္ထုတိုပြိုင်ပွဲဆုများ ချီးမြှင့်ရေးအတွက် ဆောင်းပါးဆု စိစစ် ရွေးချယ်ခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမ၌ လည်းကောင်း၊ ဝတ္ထုတိုဆုများ စိစစ် ရွေးချယ်ခြင်းကို Online Video Con-ferencing စနစ်ဖြင့် လည်းကောင်း ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2020

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကို မြန်မာနိုင်ငံ မူဆယ်မြို့နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီ (ကျယ်ဂေါင်)တို့တွင် နှစ်စဉ်အလှည့်ကျ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2020

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အခမ်းအနား Virtual Event ဖြင့် အောင်မြင်စွာကျင်းပနိုင်‌ရေး အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြန်ကြား ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့ ပူးပေါင်း၍ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2020

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆက်တွဲဂယက်ရိုက်ခတ်မှုတွင် စီးပွားရေးလုပ်ငန်းများ တုံ့ဆိုင်းနှေးကွေးပြီး အချို့လည်း ရပ်တန့်နှေးကွေးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်နစ်နာကြသည့် စီးပွားရေးလုပ်ငန်းများတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ပါဝင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2020

ယခုအခါ မြန်မာနိုင်ငံ၌ ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုက ကာလရှည်ကြာလာသည်နှင့်အမျှ မြန်မာနိုင်ငံ ပြည်သူလူထုအတွင်း စိတ်ဖိစီးမှုများ၊ စိုးရိမ်ပူပန်မှုများ၊ စီးပွားရေးအရ ထိခိုက်နစ်နာမှု များတို့နှင့် ကြုံတွေ့နေကြရပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2020

(၂၂-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၃-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၈,၂၁၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၂၅၉) ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2020

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူ (IDPs)များ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရာတွင် UN Agency များ၏ ကဏ္ဍအလိုက် ညှိနှိုင်းမှုသေချာစေရေး အတွက် နည်းပညာ ဆိုင်ရာညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းလမ်းညွှန်နှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2020

(၂၂-၁၁-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၃၉၈) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2020

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် (၁၃)ကြိမ်မြောက် စုပေါင်းကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၉:၃၀) အချိန် က လယ်ဝေးမြို့ ဘုရားကြီးကျောင်းတိုက်၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်