Oct 31, 2020
မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ရောဂါပြန့်ပွားမှုအား ကာကွယ်၊ ထိန်းချုပ်၊ ကုသရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းတွင် အခြေချနေထိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသား ဟောင်းများနှင့် မြန်မာအသိုက် အဝန်း မိသားစုများမှ N95 Face Mask (၇,၃၀၀)၊ Surgical နှင့် Disposable Face Mask (၈၄,၀၀၀)၊ Face Shield (၉,၁၀၀) နှင့် Disposable CPE Gown (၅၄၀) အပါအဝင် အခြား ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို လှူဒါန်းခဲ့ပါသည်။
Oct 31, 2020
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၂ ခုနှစ် သီတင်းကျွတ် လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) အခမ်းအနားကို ယနေ့ နံနက်(၈)နာရီတွင် ရွှေတိဂုံစေတီတော် ရှေးဟောင်းရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
Oct 31, 2020
ယမန်နေ့မှအဆက်
လုပ်ငန်းဆောင်ရွက်မည့်နည်းလမ်းများ
Oct 31, 2020
ရန်ကုန် အောက်တိုဘာ ၃၀
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၊ မဲရုံတာဝန်ကျဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဖြန့်ဝေပေးမည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသောပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့သို့ ယနေ့တွင် အထူး လေယာဉ်များဖြင့် ဆက်လက်ရောက်ရှိကြသည်။
Oct 31, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီ ရပ်ဆိုင်းထားခြင်းကြောင့် အီဂျစ်နိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား ၁၄၀ အား ကိုင်ရို မြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် လည်း ကောင်း၊ ကိုရီးယားသမ္မတနိုင်ငံ၌ အခက်အခဲကြုံတွေ့ နေရသည့်
Oct 31, 2020
၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် “ရန်ကုန်တက္ကသိုလ်” ကို စတင်တည်ထောင်သည့် အခါ၌ ရန်ကုန်တက္ကသိုလ်တွင် (၁) တက္ကသိုလ် ကောလိပ်၊ (၂) ဂျပ်ဆင်ကောလိပ် ဟူ၍ ကောလိပ် ကျောင်းနှစ်ကျောင်း စတင်ပါဝင်လာပါသည်။
Oct 31, 2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် အောက်တိုဘာ ၂၉ ရက်မှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်- ၁၉ ကျန်းမာရေးဆိုင်ရာ စံလုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြသည်။
Oct 31, 2020
ယနေ့သည် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ဖြစ်သည်။ သီတင်းကျွတ်လပြည့်နေ့သည် ပြီးခဲ့သည့် ဝါဆိုလပြည့်နေ့မှစ၍ ဝါဆိုဝါကပ်တော်မူခဲ့သော ရဟန်းသံဃာတော်များ ဝါတွင်းသုံးလပြည့် မြောက်ပြီး ဝါထွက်တော်မူသည့်နေ့ ဖြစ်သည်။ ရဟန်းသံဃာတော်များ ဝါတွင်းသုံးလ သီတင်းသုံးရာမှ ကျွတ်လွတ်သောကာလကို ဝါကျွတ်ကာလဟု ဆိုသည်။
Oct 31, 2020
သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အထူးအလေးအမြတ်ထားကြသော နေ့တစ်နေ့ဖြစ် ပါသည်။ မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတ နတ်သားကို အကြောင်းပြုကာ အဘိဓမ္မာခုနစ်ကျမ်းကို
Oct 30, 2020
နေပြည်တော် အောက်တိုဘာ ၃၀
Oct 30, 2020
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၌ ဖြစ်ပွားနေသောကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီနိုင်ရန်တနင်္သာရီတိုင်းဒေသကြီးမှ တတိယအကြိမ် သွားရောက်မည့် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
Oct 30, 2020
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ အနည်းငယ်ကျဆင်းလာသည့် အလားအလာကို တွေ့ရ သည်။ သို့သော် သေဆုံးသူ အရေအတွက်လျော့လာသော်လည်း ရောဂါဖြစ်ပွားမှုမှာ ထောင်ဂဏန်း အထက်ရှိနေသေး၍ ဖြေလျှော့ နေထိုင်ရန် မသင့်သေးပေ။ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြား ချက်၊ စည်းမျဉ်းစည်းကမ်းများကိုသာ ဆက်လက်လိုက်နာရန်လိုအပ်ပါသည်။
Oct 30, 2020
လူတို့သည် မျှော်လင့်ချက်ဖြင့် အသက်ရှင်နေကြ၏ဟူသည့် အဆို ရှိသည်။အမှောင်ထဲတွင်နေရသူက အလင်းရောင်ကို မျှော်သကဲ့သို့ နာကျင်ခံစားနေရသူတို့က ရွှင်လန်းကျန်းမာစေဖို့ အစရှိသဖြင့် အနာဂတ်ကို မျှော်လင့်ရင်းရှင်သန်နေကြ၏။ အလင်းရောင်အောက် တွင် နေရသူတို့ကလည်း ပိုမိုတောက်ပနွေးထွေးသည့် နေရောင်ကို မျှော်လင့်ကြ၏။ ရွှင်လန်းကျန်းမာသူကလည်း ကြွယ်ဝ ချမ်းသာ ဘဝကို မျှော်လင့်ကောင်း မျှော်လင့်နေကြမည်။ ။
Oct 29, 2020
၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် ဂျပန်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၇)ဦးအား မြန်မာသံရုံး၊ တိုကျိုမြို့မှ စီစဉ်သည့် All Nippon Airways လေကြောင်းလိုင်း (ANA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၇ ၀၀) တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ အသီးသီး ပြန်လည် ရောက်ရှိ ခဲ့ကြပါသည်။
Oct 29, 2020
နိုင်ငံရေးပါတီ ဝန်းရံသူများသို့ အသိပေးကြေညာချက်ထုတ်ပြန်ခြင်း
Oct 29, 2020
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဗဟို၀န်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် Online Learning System ဖြင့် ဖွင့်လှစ်ပို့ချခဲ့သည့် အရာထမ်းငယ် အခြေခံသင်တန်း အမှတ်စဉ် (၁၁၆) သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာ ၂၈ ရက် ညနေ ၄ နာရီတွင် ကျင်းပရာ ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)၊ ပါမောက္ခချုပ် ဦးကျော်ဝင်းဟန်က Online မှတစ်ဆင့် သင်တန်းဆင်းအမှာစကား ပြောကြားသည်။
Oct 29, 2020
မြန်မာဝိုင်အမ်စီအေနှင့် မြစ်ကြီးနားဝိုင်အမ်စီအေတို့ ပူးပေါင်းပြီး ရွေးကောက်ပွဲတွင် မဲပေးကြမည့် ကချင်ပြည်နယ်ရှိ လူငယ်များ နိုင်ငံသား ဆိုင်ရာ အသိပညာနှင့် ရွေးကောက်ပွဲတွင် မဲပေးခြင်းဆိုင်ရာ အသိပညာများရရှိရန်အတွက် ပြည်သူ့နီတိသင်တန်း ကို ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် အောက်တိုဘာ ၂၆ ရက် မှ ၂၈ ရက်အထိ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
Oct 29, 2020
မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းက ဆောက်လုပ်လှူဒါန်းထားသည့် နေပြည်တော်ကလေးပြုစုရေးဌာနတွင် အသုံးပြုနိုင် ရန်အတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ဇနီးဒေါ်မြသိင်္ဂီအမှူးပြုသော ဝန်ထမ်းမိသားစုများ၏ စုပေါင်းအလှူငွေများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ ယမန်နေ့မွန်းလွဲပိုင်းက ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လက်ခံသည်။
Oct 29, 2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ အတွက် အသက် ၆၀ နှစ် နှင့် အထက် အသက်အရွယ်ကြီးရင့်သူများ ကြိုတင်ဆန္ဒမဲပေး ခြင်းကို ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များရှိ ရပ်ကွက်၊ကျေးရွာများတွင် ယနေ့နံနက် ပိုင်းက စတင်၍ ဆောင်ရွက်ကြသည်။
Oct 29, 2020
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန မိသားစုတို့က ငွေကျပ်သိန်း (၃၀) တန်ဖိုးရှိ ရေခဲသေတ္တာ(၁)လုံးနှင့် လေအေးပေးစက် (၄)လုံးတို့ကို နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)ရှိ COVID-19 ICU အခန်းအတွက်နှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကုဆေးရုံကြီးနှင့် သွားရောဂါအထူးကုဆေးရုံကြီးတို့၌ တာဝန်ထမ်းဆောင် လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများအတွက် စိန်ဟင်္သာ ရိပ်မွန်ကုမ္ပဏီလီမိတက်မှ ထုတ်လုပ်သော ငွေကျပ် (၃၃) သိန်းခန့် တန်ဖိုးရှိ ထမင်းဘူးနှင့် စည်သွပ်ဘူးများ ပေးအပ် လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)ရှိ အစည်းအဝေးခ န်းမဆောင်-၂ ၌ ကျင်းပပြုလုပ်သည်။
