Skip to main content

Jul 01, 2021

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး၊ တံတားဦးမြို့နယ်ရှိ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် ဧည့်ခန်းမ၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လေဆိပ် ဝန်ထမ်းများနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အလုပ်သမားရေးရာဆိုင်ရာ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရုံးများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2021

(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့ ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2021

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းကစစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2021

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းကော်မတီ တစ်ရပ်ဖြစ်သော ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင် ရွက်ရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၂၁) ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နိုင်ငံခြား ရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2021

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အ‌ရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ အောင်သပြေ(၁)လမ်းနေ သက်လင်းထွန်း(ခ)လင်းလင်း(ခ) ဘယ်လေး(ဘ) ဦးတင်ရွှေ သည် မတ် ၁၄ ရက်မှ ၁၅ ရက်အထိ ကာလအတွင်း ဟန်ဦး၊ နွယ်ထွန်း၊ ဖိုးသင်္ကြန်၊ ကြံ့ကြီး(ခ) ကျော်မိုးထက်၊ ဇော်မျိုးထက်၊ ကိုမင်း၊ အရှည်ကြီး(ခ)ဝတုတ်၊ ထွန်းထွန်းအောင်(ခ) ဘိုထွန်း(ခ)ဂျပန်ကြီး(ခ)ဝင်းနိုင် တို့ ခေါင်းဆောင်သည့်လူစု နှင့်အတူ

ဆက်လက်ဖတ်ရှုရန်

Jul 01, 2021

နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက် အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူသွားလာ လှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်း များအား လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2021

မေး ။ ။ ဗိုလ်ချုပ်ကြီးရှင့်။ ဗိုလ်ချုပ်ကြီးအနေနဲ့ စစ်ဘက်နှင့် စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက် ရေး ကဏ္ဍတွေမှာ နိုင်ငံတကာနှင့် ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံကောင်း များစွာရှိပါတယ်။ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်တွေမှာလည်း အောက်ခြေ ဝန်ထမ်းဘဝမှ ယခုလို အကြီးအကဲ ရာထူးထိ တာဝန်ထမ်းဆောင်လာခဲ့ပါတယ်။ ဒီလို ဘဝလမ်းခရီးမှာ မြန်မာနိုင်ငံဆိုတာကို သိကျွမ်းခွင့်ရခဲ့တာ ဘယ်လောက်ကြာပါပြီလဲ။ မြန်မာနိုင်ငံကို ပထမဆုံးရောက်ခဲ့စဉ်က ဘာကို အမှတ်တရ ရှိနေပါသလဲ။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2021

Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန် ၂၄ ရက် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ RIA သတင်းဌာနမှ အထူးသတင်းထောက် Ms. Kukushina Tabana အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ Metropol Hotel ၌ လက်ခံတွေ့ဆုံ၍ သိရှိလိုသည်များကို ဖြေကြားသည်။ အဆိုပါ မေးမြန်းမှုများနှင့် ဖြေကြားမှုများကို ဖော်ပြလိုက်ပါသည် -

ဆက်လက်ဖတ်ရှုရန်

Jul 01, 2021

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ဦးဆောင်၍ (၁၁)ကြိမ်မြောက် အာဆီယံ အပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်း အဖွဲ့အစည်းအဝေး (11th ADMM- Plus Experts’ Working Group on Counter-Terrorism Meeting- EWG on CT Meeting) ကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2021

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို စတင်လက်ခံကျင့်သုံးချိန်မှစ၍ အသိအမှတ်ပြု တရားဝင်မီဒီယာများ ရာဂဏန်းကျော်ရှိလာသည်။ မီဒီယာတစ်ခု ရပ်တည် ရှင်သန်ရေးမှာ လွယ်ကူသည့်အလုပ် မဟုတ်သော်လည်း စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ရပ်တည်ချက်အမျိုးမျိုးဖြင့် ငွေကြေးစိုက်ထုတ် လုပ်ကိုင်နေကြသည်။ ယနေ့အချိန်အခါတွင် စီးပွားရေး၊ လူမှုရေးအရ ရပ်တည်နိုင်သည့် မီဒီယာများ အနည်းငယ်သာရှိတော့ပြီး နိုင်ငံရေးကိုနောက်ခံပြု၍ နောက်ကွယ်မှငွေကြေး ထောက်ပံ့ပေးနေသော မီဒီယာများ အမြောက်အမြားရှိလာသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2021

ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် တရားစွဲဆိုခံထားရသည့် သဘင်၊ ဂီတ၊ ရုပ်ရှင်လောကမှ အနုပညာရှင် ၂၄ ဦးတို့ကို ယမန်နေ့က အမှုရုပ်သိမ်းပေးလိုက်ရာ ၎င်းတို့၏ ပရိသတ်များ ဝမ်းမြောက် ဝမ်းသာ နှစ်ထောင်းအားရ ဖြစ်ခဲ့ကြသည်။ ၎င်းအနုပညာရှင်များသည် CDM လှုပ်ရှားမှုများ၊ ဆူပူဆန္ဒပြမှုများ၊ လူမှုကွန်ရက်မှတစ်ဆင့် ရေးသားမှုများပြုလုပ်ခဲ့ကြသော်လည်း ပြင်ပ ပယောဂတစ်စုံ တစ်ရာကြောင့် အဆိုပါလှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ရသည်ဟု ယူဆရသဖြင့် အမှုဖွင့်တရားစွဲဆို ထားခြင်းမှ ရုပ်သိမ်းပေးလိုက်ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2021

နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဖြစ်ပွားခဲ့သည့် ဆူပူဆန္ဒပြမှု ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ရာဇသတ်ကြီး ပုဒ်မ ၅၀၅- က အပါအဝင် အခြားသော ဥပဒေပုဒ်မတစ်ခုခုဖြင့် အမှုဖွင့်အရေးယူထားသူများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုရုပ်သိမ်းပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီး တို့မှ ရဲစစ်ဆေးဆဲအမှု အမျိုးသား၊ အမျိုးသမီး ၈၆ ဦး၊ တရားရုံး စစ်ဆေးဆဲအမှု အမျိုးသား၊ အမျိုးသမီး ၂၂၁၀ ၊ စုစုပေါင်း ၂၂၉၆ ဦးတို့၏ အမှုများကို သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုပြန်လည် ရုပ်သိမ်းပေးခဲ့ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်စေလွှတ်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2021

အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ထိန်းသိမ်းထားရှိသည့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅ဝ၅-က ဖြင့် အချုပ်သား/သူများအား လွှတ်ပေးခြင်းအခမ်းအနားကို အကျဉ်းဦးစီးဌာန၊ အင်းစိန်ဗဟို အကျဉ်းထောင်ဝန်း မိုးလုံလေလုံ အားကစားရုံခန်းမတွင် ယနေ့တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2021

တည်ဆောက်ဆဲ ကျိုင်းခမ်း ရေလှောင်တမံအား သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ တည်ဆောက်ပြီးစီးရေး နှင့် ပြီးစီးလျက်ရှိသည့် ရေသွယ်မြောင်းမှ တဆင့် ဇော်ဂျီ ရေလှောင်တမံ နှင့် မြို့ကြီးရေလှောင်တမံများသို့ ရေကူပို့လွှတ်ပေးရန်လိုကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2021

နိုင်ငံတစ်ဝန်းလုံးရှိ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲရေး လုပ်ငန်းများကြီးကြပ်ရေးအဖွဲ့ Nationwide Case Management Supervision Unit (NCMSU)နှင့် ပူးပေါင်းဆောင်ရွက်မည့် Central level လုပ်ငန်းအဖွဲ့နှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လုပ်ငန်းအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2021

ယနေ့ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးကို ဂုဏ်ပြုကြိုဆိုခြင်း၊ ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်လည်စတင်ခြင်း အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံ ခရီးစဉ်ဒေသများ၏ ဆွဲဆောင်မှုများကို ပြည်သူများသိရှိပြီး လည်ပတ်နိုင်ရေး အသိပေး ဆောင်ရွက်သည့် အနေဖြင့် “လွတ်လပ်ပေါ့ပါးပျော်ရွှင်ဖို့ မြန်ပြည်အနှံ့ ခရီးဆန့်စို့” ခရီးသွားမြှင့်တင်ရေး Billboard ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဆိုင်းဘုတ်ရှေ့တွင် ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2021

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2021

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တာဝန်ခံ (ညွှန်ကြားရေးမှူး) များ၏ လေးလပတ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ (၁/၂၀၂၁)ကို ဇွန် ၂၉ မှ ၃၀ ရက်တို့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်)၊ စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်းများနှင့် အညီ Virtual System ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2021

အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်