Skip to main content

Dec 24, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးသူ မြန်မာနိုင်ငံသား ၄၉ ဦး အပါအဝင် အခက်အခဲကြုံတွေ့နေရ သည့် မြန်မာနိုင်ငံသား စုစုပေါင်း ၁၇၁ ဦးအား ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့ စွာ ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 24, 2020

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ လူငယ်များ၊ အမျိုးသမီးများအတွက် ဦးတည်၍ ဆောင်ရွက်လျက်ရှိ သော ‘အားလုံးအတွက်ရှေးဦးပြုစုခြင်း’ ‘ First Aid for All’ သင်တန်းစီမံချက် ပထမအဆင့်သင်တန်းဆင်းပွဲအခမ်း အနားကို Online ဖြင့် ယနေ့ ကျင်းပရာ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းလွင် က သင်တန်းဆင်းအမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 24, 2020

“လွတ်လပ်ရေး အရှိန်အဝါသည် ထိန်ကာဝင်းမှည့်၊ တလက်လက်ပြောင်သည်။ မြန်မာ့မြေပေါ် တောက်ထွန်းခဲ့ပြီ၊ ထွန်းပါသောကော၊ ပြောပြမည်၊ မဟာဗန္ဓုလမှ စကာအတည်၊ ဗိုလ်ချုပ်တို့ နောက်ဆုံးဖြစ်တော့သည်။ တစ်ရာ့နှစ်ဆယ့်နဲ့ နှစ်နှစ်တိုင်တိုင် မြန်မာ့သွေးတွေလည်း တဖြိုင်ဖြိုင်ပေးကာ ရွေးယူတော့မှရသည်။ ဟယ် - လွတ်လပ်ရေး သင်ဘယ်ကိုပြေးတော့ မလွတ်နိုင်၊ လက်ဆုပ်လက်ကိုင် ပိုင်ဆိုင်ရပေပြီ။” ဤစာသား တေးသွားကား ၁၉၄၈ ခုနှစ်ဇန်နဝါရီလ၄ရက်နေ့တွင် ပထမအကြိမ် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့အသံမှထုတ်လွှင့်ခဲ့သည့် တေးသီချင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 24, 2020

လူ့ဘောင်လောက သဘာဝအရ အနတ္တဟူသည့်သဘောသည် ရှိနေသည် ဖြစ်၏။ မိမိ၏ ကိုယ်ခန္ဓာ၊ မိမိ၏ စိတ်ခန္ဓာသည်ပင် မိမိ၏အလိုသို့ လိုက်သည်မဟုတ်။ မိမိ၏ သဘောအတိုင်း မဖြစ်။ မိမိ ပိုင်ဆိုင်သမျှကို မိမိက တည်မြဲစေချင်သလို တည်မြဲသည်မဟုတ်။ မိမိက ရှင်သန်နေစေချင်သလို ထာဝရရှင်သန်နေသည်မဟုတ်။ မိမိ၏ အလိုသဘောအတိုင်း မဖြစ်နိုင်သကဲ့သို့ မိမိ မလိုလားသည်ကိုလည်း လက်မခံလို့မရသည်များလည်း ရှိမည်သာဖြစ်၏။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2020

(၂၂-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၃-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၃,၀၇၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၉၂၃) ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2020

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့အသံ(ရေဒီယို)တွင် ထင်ရှားကျော်ကြားခဲ့သော တေးသီချင်းများအနက်မှ (၇၅)ပုဒ်ကို ရွေးချယ်ပြီး အပတ်စဉ် သောကြာနေ့တိုင်း MRTV ၏ ည ၈ နာရီသတင်းအပြီးတွင် ထုတ်လွှင့်လျက် ရှိရာ ဒီဇင်ဘာ ၂၅ ရက် (ခရစ္စမတ်နေ့) ညတွင် ပွဲစဉ် (၃)ကို ဆက်လက်ဖျော်ဖြေမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2020

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့၏ ကူညီပံ့ပိုးမှု၊ အာဆီယံ-ဂျပန်စင်တာနှင့် မြန်မာသံရုံး (တိုကျိုမြို့)တို့၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် Myanmar Investment Environment Update Webinar ကို ယနေ့နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ၌ Virtual စနစ်ဖြင့်ကျင်းပရာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း က Video Message ပေးပို့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2020

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ပြုစုရေးအတွက် ကျောင်းသားသမဂ္ဂများ၊ ကျောင်းသားကျောင်းသူများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2020

အယုံလွယ်သူများထံ ယုံကြည်အောင်ပြောဆို၍ Online မှတစ်ဆင့် ဆက်သွယ်ပြီး ဘဏ်သို့ ငွေလွှဲစေကာ MPU ကတ်များအသုံးပြုပြီး လိမ်လည် ရယူသူ နိုင်ငံခြားသားများပါဝင်ပတ်သက်သည့် ဂိုဏ်းတစ်ခုအား ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2020

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီး/ပြည်နယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် အရာထမ်းများအား အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေနှင့် လုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခမ်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2020

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ကြီးမှူးကျင်းပမည့် နှစ်သစ်ကူးတရားတော်အား ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၃ ရက် က ကျင်းပရေးကော်မတီထံမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2020

(၂၂-၁၂-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင်တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၉၆၄) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2020

ကရင်ရိုးရာဒုံးအကကို ကမ္ဘာ့အမွေအနှစ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် ကရင် ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကိုယ်တိုင် ဦးစီးဆောင်ရွက်လျက်ရှိပြီး UNESCO တင်သွင်းရန် အဆိုပြုထားသော ဒုံးအကနှင့် စပ်လျဉ်းသည့် လုပ်ငန်းဆိုင်ရာများ ဆောင်ရွက်ရာတွင် ကရင် တစ်မျိုးသားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်​ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ Online Meeting ဆွေးနွေးပွဲကို ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2020

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ (၁၀)ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2020

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ခရိုင်/မြို့နယ်များသို့ ဖြန့်ဝေပေးရန်နှင့် စာကြည့်တိုက်တွင် ထားရှိနိုင်ရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက် (၉) နာရီခွဲတွင် နေပြည်တော်ကောင်စီရုံးဧည့်ခန်းမ၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2020

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မောတောင်မြို့ရှိ နယ်စပ်ဂိတ်တစ်ခုဖြစ်သော မောတောင် - စင်ခွန်နယ်စပ် ဂိတ်မှ ကုန်ပစ္စည်းများ တင်သွင်း၊ တင်ပို့မှုများကို ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းမှစတင်ကာ ထိုင်းနိုင်ငံဘက်က ယာယီ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ပရကျွပ်ခီရီခန်ခရိုင် တာဝန် ရှိသူများ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2020

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ (၃၂)ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2020

စိုက်ပျိုးရေးတက္ကသိုလ် (၉၆)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် RC နှစ်ထပ်စာသင်ဆောင် နှစ်ဆောင်နှင့် ဌာနသစ်လေးခု တိုးချဲ့ဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက စိုက်ပျိုးရေးတက္ကသိုလ် နှစ်ထပ်စာသင် ဆောင်ခန်းမ(၂)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2020

ယူနက်စကိုက ပံ့ပိုးစီစဉ်သည့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် အင်ဒို နီးရှားနိုင်ငံ သတင်းမီဒီယာကောင်စီတို့၏ ဒုတိယအကြိမ် အွန်လိုင်းဆွေးနွေးပွဲ ကို ယနေ့ မွန်းလွဲပိုင်းက ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2020

ဂျပန်နိုင်ငံအစိုးရအနေဖြင့် ပဋိပက္ခများဖြစ်ပွားလျက်ရှိသောဒေသများနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် အထောက်အပံ့များအပါအဝင် မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးနှင့် မြန်မာနိုင်ငံသူ၊နိုင်ငံသားများအတွက် ကဏ္ဍအသီးသီးတွင် ဆက်လက်၍ အစွမ်းကုန် ပံ့ပိုးကူညီ လျက်ရှိသည်။ ယခုအခါ ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ပတ်ဝန်းကျင်ကျေးရွာဒေသခံများအတွက် ကျန်းမာရေး၊ ရေရရှိရေး၊ တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ( WASH) နှင့် ပညာရေးဆိုင်ရာ အထောက်အပံ့စီမံကိန်း၊ ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံများအတွက် အာဟာရဖွံ့ဖြိုးမှုတိုးတက်ရေးဆိုင်ရာ စီမံကိန်းများ အတွက် အထောက်အပံ့ပေးအပ်ရေးစာချွန်လွှာကို ယနေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်