Nov 26, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဒဿမအကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ပုသိမ်မြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။
Nov 26, 2020
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ တပ်ရင်းမှူးအဆင့် အလံတင်အစည်းအဝေးကို ရခိုင် ပြည်နယ် မောင်တောမြို့ အမှတ်(၁) လူဝင်/ထွက် စစ်ဆေး ရေးစခန်း (POE)၌ ယနေ့ နံနက် ၁၁ နာရီခွဲတွင် ကျင်းပ သည်။
Nov 26, 2020
မြန်မာ့စီးပွားရေးလုပ်ငန်းများကို နည်းပညာအသုံးပြုပြီး ဝန်ဆောင်မှုများ မြန်ဆန်လာအောင် ဆောင်ရွက်နိုင်ရန်အတွက် ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုဝင်ဘာ ၂၅ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Nov 26, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထား ခြင်းကြောင့် ဂျပန်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၆၅ ဦးအား တိုကျိုမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် All Nippon Airways (ANA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။
Nov 26, 2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံရုံးနှင့် Thailand International Cooperation Agency တို့က PPE ဝတ်စုံများ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်း များနှင့် FAVIPIRAVIR ဆေးများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ် (၅)ရှိ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Nov 26, 2020
၁၉၂ဝ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်ကြီးကို တည်ထောင်ဖွင့်လှစ်ပြီးသည့်နောက် လွတ်လပ်ရေးရပြီး နောက်ပိုင်းကာလများအထိ ကမ္ဘာ့အလယ်တွင် ဝင့်ထည်သောတက္ကသိုလ်အဖြစ် ရပ်တည်နိုင်ခဲ့သည်။ တစ်ခေတ်တစ်ခါက အရှေ့တောင်အာရှတွင် အကောင်းဆုံးတက္ကသိုလ်၊ အာရှတွင် အလှပဆုံး တက္ကသိုလ်အဖြစ် ဂုဏ်ယူဝင့်ကြွားခဲ့ရသည်။ ထို့ကြောင့် ရန်ကုန်တက္ကသိုလ် ကြီးသည် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ နှလုံးသည်းပွတ် တွင် အမြတ်တနိုးတန်ဖိုးထားစရာ ဖြစ်ခဲ့သည်။
Nov 26, 2020
လူသတ်ခြင်းသည် ဥပဒေအရဖြစ်စေ၊ ကိုးကွယ်ယုံကြည်မှုအရ ဖြစ်စေ၊ လူမျိုး၏ ဓလေ့ထုံးတမ်းအရဖြစ်စေ ကြီးစွာသော အပြစ်ဖြစ်၏။ ကြီးစွာသော အကုသိုလ်ဖြစ်၏။
Nov 25, 2020
အလုပ်အကိုင်အခွင့်အလမ်း ၃,၃၀၀ ခန့် ဖန်တီးပေးနိုင်မည့် လုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကခွင့်ပြု
Nov 25, 2020
မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Nov 25, 2020
မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့၏ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများ အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။ အစည်းအဝေးကို နိုင်ငံခြား ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားဝန်ကြီး ဌာန၊ နိုင်ငံရေးရာ ဒုတိယဝန်ကြီး မစ္စတာ ကင်မ်ဂွန်း တို့က ဦးဆောင် ကျင်းပကြသည်။
Nov 25, 2020
(၁၈) ကြိမ်မြောက် အာဆီယံ-ဂျပန် ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် အာဆီယံ- ကိုရီးယား ပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေးများကို ယနေ့နံနက် ပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Nov 25, 2020
ဆောက်လုပ်ရေးဝန်ကြီးဌာန Public Works Department ၏ (၁၃၄) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန စုဝေးခန်းမဆောင်၌ Coronavirus Disease 2019 (COVID–19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနတို့၏ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Nov 25, 2020
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်း အမှတ်အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး၀န်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Nov 25, 2020
ရန်ကုန်တက္ကသိုလ် သမိုင်းဌာနနှင့် ပန်းဆိုးတန်းပန်းချီပြခန်းတို့ ပူးပေါင်း ကျင်းပမည့် ရာပြည့်အမှတ်သညာ ပွဲတော်ကို ရုပ်သံလိုင်းများမှ တင်ဆက် ပြသမည်ဖြစ်ကြောင်း ရန်ကုန် တက္ကသိုလ်သမိုင်းဌာနမှ သိရသည်။
Nov 25, 2020
နေပြည်တော် နိုဝင်ဘာ ၂၄
Nov 25, 2020
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူး ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Nov 25, 2020
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုဝင်ဘာ ၂၄ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Nov 25, 2020
သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးဒစ်ဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးလာ သောကာလတွင် ဆိုရှယ်မီဒီယာများသည် ပြည်သူများအတွက် လက်လှမ်း တမီ အချိန်နှင့်တစ်ပြေးညီ ဗဟုသုတ ရှာဖွေမျှဝေနိုင်သော အကျိုးရှိသည့် ကြားခံပစ္စည်းဖြစ်လာသည်။ ယင်းအချိန်အခါတွင် ပုံနှိပ်မီဒီယာ အပေါ် စိတ်ဝင်စားမှု လျော့ပါးလာသည်ဟုဆိုသော်လည်း မပစ်ပယ်နိုင်သေးသည့် အကျိုးရလဒ် ကောင်းများရှိနေသည်ကို သတိမူရမည်ဖြစ်သည်။ ။
Nov 25, 2020
ငြိမ်းချမ်းသည့်နိုင်ငံ၊သာသနာရောင်ဝါထွန်းသည့်နိုင်ငံ၊ အယူဝါဒစုံ တို့ အတူတကွ ပွင့်လန်း နိုင်သည့်နိုင်ငံ၊ တောင်ပေါ်မြေပြန့်မခွဲ ပြည်ထောင်စုသားအားလုံး တန်းတူညီမျှ ရှိနိုင်၊ ခံစားနိုင် ကြသည့် နိုင်ငံပေါ်ထွန်းပါစေ စသည့်ဆုတောင်းများဖြင့် ပြည်သူတို့ မျှော်လင့်နေ ခဲ့ကြသည်မှာ နှစ်ရှည်ကြာခဲ့ပြီ။ ။
Nov 24, 2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးနှင့် မြန်မာနိုင်ငံအခြေစိုက် ဗီယက်နမ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များက အလှူငွေ၊ Masks၊ Thermo meters နှင့် လက်သန့်ဆေးရည်ဘူးများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
