Nov 12, 2020
"ရန်ကုန်တက္ကသိုလ် ကံ့ကော်မြိုင်အငြိမ့် အနုပညာ အင်အားများနဲ့ ဖျော်ဖြေကန်တော့ ပန်ဆင် အလင်္ကာ တေးတစ်ပုဒ် ရွေးထုတ်ကာစီစဉ် ထောင့်ကိုးရာ နှစ်ဆယ်မှာ စတင်ပေါ်ခဲ့ပြီ... အလိမ္မာ စာမှာအရှိမို့ ပြောပါရစေ အတည် သမိုင်းကြောင်းအထောက်အထား အမြောက် အမြားရှိခဲ့ပြီ ထူးချွန်ထက်မြက်လှတဲ့ နိုင်ငံ့သားကောင်း များစွာပေါ်ခဲ့ပြီ . . ."
Nov 12, 2020
မြန်မာအမျိုးသားတို့၏ တောင်းဆိုမှုများဖြင့် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ ဂုဏ်ဒြပ်ကို မြှင့်တင်ပေးသည့် တက္ကသိုလ်ကြီး ၁၉၂၀ ပြည့်နှစ်တွင် ပေါ်ပေါက်လာခဲ့သည်။ ရန်ကုန်တက္ကသိုလ် မွေးဖွားလာခြင်းသည် မြန်မာလူမျိုးတို့၏ ပညာအဆင့်အတန်း မြန်မာတို့၏ ဂုဏ်အသရေ တိုးပွားလာရေးအတွက် သာမက မြန်မာတစ်မျိုးသားလုံး ကျွန်အဖြစ်မှ သခင်ဖြစ်အောင်၊ မလွတ်လပ်သည့်ဘဝမှ လွတ်လပ်သည့်ဘဝရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့သည်။
Nov 12, 2020
ကိုဗစ်ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုများကြောင့် ဖြစ်စေ၊ ပြည်သူတို့ အကြား ထုတ်လွှင့်မျှဝေပေးနေသည့် သတင်းတု၊ သတင်းယောင်နှင့် လုပ်ကြံကောလာဟလများကြောင့် ဖြစ်စေ၊ ပြည်တွင်းကရော၊ ပြည်ပကရော မျှဝေနေသည့် မဲမပေးရေးဝါဒဖြန့်ချိမှုများက မည်သို့ပင်ပြောဆိုနေကြသည် ဖြစ်စေ၊ မြန်မာပြည်သူတို့က မဲရုံများသို့ သွားကာ မဲပေးကြခြင်းဖြင့် နိုင်ငံသားတစ်ဦးအနေဖြင့် ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် ထမ်းဆောင်ခဲ့ကြပြီးဖြစ်သည်။
Nov 11, 2020
ကိုဗစ်-၁၉ ကာကွယ်ဆေး ပေါ်ပေါက် ရရှိပါက စနစ်တကျ ထိုးနှံပေးနိုင်ရေး ကြိုတင် ပြင်ဆင်ထားရှိမှု ဗဟိုအဆင့် အစည်းအဝေးကို နံနက်ပိုင်းတွင် ဗီဒီယိုကွင်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Nov 11, 2020
ပြည်ထောင်စု ရွေးကောက်ပွဲကော်ရှင်အဖွဲ့ဝင် ဦးမြင့်နိုင်နှင့် ဦးသန်းဌေး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦး တို့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ရုံး၌ သတင်းမီဒီယာများနှင့် တွေ့ဆုံပြီး ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပခဲ့မှု၊ ရွေးကောက်ပွဲ ရလဒ်များ ထုတ်ပြန်ကြေညာနေမှု အပါအဝင် ရွေးကောက်ပွဲဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
Nov 11, 2020
ပြည်ထောင်စုစာရင်းစစ်ချုပ် နှင့် တိုင်းဒေသကြီး / ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ (၁/၂၀၂၀) ကို ယနေ့နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Nov 11, 2020
လယ်ယာကဏ္ဍလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက VIRTUAL MEETING စနစ်ဖြင့် ကျင်းပသည်။
Nov 11, 2020
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တို့မှ အငယ်တန်း အင်ဂျင်နီယာ(၃)နှင့် အငယ်တန်းအင်ဂျင်နီယာ(၄)အလုပ်ခွင်ဝင် Online သင်တန်း အမှတ်စဉ် (၁/၂၀၂၀) သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲ ၃ နာရီတွင် ဗီဒီယိုကွန့်ဖရင့်ဖြင့် ကျင်းပသည်။
Nov 11, 2020
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် UNDP မှ Resident Representative, Mr. Titon Mitra အား Virtual Meeting ဖြင့် ယနေ့ နံနက် ၁၀ နာရီခွဲတွင် လက်ခံတွေ့ဆုံသည်။
Nov 11, 2020
ပန်းချီကဗျာထက်လှတဲ့ သီလာတက္ကသိုလ်သည် အသက်ကြီးလှပါပြီ။ တက္ကသိုလ်သို့ ကျွန်မတို့ ရောက်စက အဓိပတိလမ်းတစ်လျှောက်မှ ရေတမာပင်လေးတွေ သည် ငယ်ငယ်လေး ရှိကြသေးသည်။ ယခုကဲ့သို့ အရပ်မမြင့်ကြသေး။ ပုပုဝိုင်းဝိုင်း၊ ရွက်စိမ်းနုနုအုပ်အုပ်နှင့် အပျိုပေါက်ကလေး ပမာ ချစ်စရာကောင်းပါဘိခြင်း။ ကံ့ကော်ပင်လေးတွေကလည်း အရွယ်ကောင်းတုန်း၊ ဖူးကြ ပွင့်ကြတုန်း။ သစ်ပုပ်ပင်ကြီးကတော့ အသက်ရှည်ပါပဲ။ သူ၏ အိုမင်းပုံက လှလွန်းပါသည်။ သူ့ကိုမြင်လျှင် သူ့အနားမှာ ဓာတ်ပုံရိုက်ချင်သည်၊ သူ့အရိပ်မှာခိုချင်သည်၊ သူနှင့်ပတ်သက်မှု ရှိခဲ့ကြောင်း သက်သေကျန်ခဲ့ချင်သည်။
Nov 11, 2020
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုဝင်ဘာ ၁၀ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန် အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Nov 11, 2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး သက်ဆိုင်ရာမဲဆန္ဒနယ် အသီးသီးမှ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော် ကိုယ်စားလှယ်များ၏ အမည်စာရင်း များအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုဝင်ဘာလ ၉ ရက်နေ့မှ စတင်ကာ ထုတ်ပြန်ပေးလျက်ရှိသည်။
Nov 11, 2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို စက်တင်ဘာ ၂၉ ရက်မှစ၍ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီအထိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။
Nov 11, 2020
၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့ကြသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအနက် တက်တက်ကြွကြွ နိုးနိုးကြားကြား တာဝန်ကျေပွန်စွာ ပါဝင်ခဲ့ကြသော အဓိကကျသည့် ပြည်သူလူထုအပေါင်းတို့ကို ဦးစွာဂုဏ်ပြ ကျေးဇူးတင်ရမည်ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အားလုံးနှင့် ပါဝင်ကူညီ ဆောင်ရွက်ကြသော အဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ရမည်ဖြစ်သည်။
Nov 11, 2020
ရွေးကောက်ပွဲပြီး၍ မဲအနိုင်အရှုံးစာရင်းများကို ထုတ်ပြန်ကြေညာနေပြီ။ အပြီးအပြတ် ရေတွက်မှု မပြီးဆုံးသေးဘူးဆိုသော်လည်း ရေတွက်ပြီးသလောက်နှင့် ထုတ်ပြန်မှုများအရ အနိုင်ရပါတီကို ခန့်မှန်းသိရှိနေကြပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာအများစုတွင် တောင်ပြိုကမ်းပြို နိုင်ခဲ့ပြန်ပြီဟု သိနေကြရ ပါပြီ။
Nov 10, 2020
(၁၀-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
Nov 10, 2020
“ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း ချီးမြှင့်ထိုက်သူတို့ကို ချီးမြှင့်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။” မင်္ဂလသုတ် ဂုဏ်ထူးဆောင်ဘွဲ့ ကမ္ဘာ့တက္ကသိုလ်ကြီးများတွင် “ဂုဏ်ပြုထိုက်သူတို့အားဂုဏ်ပြုခြင်း”ဟူသော မွန်မြတ်သည့် အစဉ် အလာကောင်း တစ်ရပ်ရှိပေရာ ထိုအစဉ်အလာကောင်းနှင့် အညီ ထူးခြား၊ ထူးချွန်ပြောင်မြောက်သော ပုဂ္ဂိုလ်ကျော် များအား ထိုက်ထိုက်တန်တန် “ဂုဏ်ထူးဆောင်ဘွဲ့များ”ကို ပေးအပ်ချီးမြှင့်ခြင်း ပြုကြလေ့ရှိပါသည်။
Nov 10, 2020
ယနေ့ကမ္ဘာကြီးတွင် အင်တာနက်နှင့် စမတ်ဖုန်းနည်းပညာ များကြောင့် သတင်းအချက်အလက်ရယူမှု ရေစီးကြောင်း ပြောင်းလာသည့်အတွက် မီဒီယာ ရယူမှုပုံစံလည်း ပြောင်းလဲလာကာ ဆိုရှယ်မီဒီယာအသုံးပြုမှု မြင့်တက် လာခဲ့ခြင်းဖြစ်သည်။ အကျိုးဆက်အနေဖြင့် သတင်းအချက် အလက်များစွာ အရှိန်အဟုန်ဖြင့် စီးဆင်းနေသည့် လူမှု ကွန်ရက်မီဒီယာတွင် မှန်ကန်၊ ခိုင်လုံသည့် သတင်းများ အပြင် သတင်းတုဟုခေါ်ဝေါ် ကြသည့် လုပ်ကြံသတင်း များစွာလည်း ရောထွေးပျံ့နှံ့လျက်ရှိနေသည်။ လက်ရှိ ကာလတွင် ပြည်သူများအကြား စိတ်ဝင်စားမှုနှင့် သိလို စိတ်မြင့်မားနေသော ကိုဗစ်-၁၉ ကပ်ရောဂါဘေးနှင့် ပတ်သက်သည့်အကြောင်းအရာများ၊ ဒီမိုကရေစီဖြစ်ထွန်းရေး၏ ပင်စည်ပင်မဖြစ်သည့် ရွေးကောက်ပွဲကျင်းပရေးနှင့်ဆက်စပ်သည့် အကြောင်းအရာ များကို ဦးတည်ပစ်မှတ်ထားသည့် လုပ်ကြံသတင်းများကို ရည်ရွယ်ချက် ရှိရှိဖြင့် ဖန်တီးဖြန့်ဝေနေကြကြောင်း တွေ့မြင်နေကြ ရသည်။
Nov 10, 2020
ရန်ကုန်တက္ကသိုလ်သည် တစ်ခေတ်တစ်ခါက အရှေ့တောင်အာရှတစ်ခွင်တွင် ဂုဏ်သတင်းကျော်ကြားကာ နာမည်တောက်ပသောတက္ကသိုလ်ကြီးဖြစ်ခဲ့သည်။ စာပေသင်ကြားမှု၌ လည်းကောင်း၊ စည်းကမ်းထိန်းသိမ်းရာ၌ လည်းကောင်း၊ အဆောက်အအုံများ နေသားတကျရှိမှုနှင့် တည်နေရာအနေအထားအကွက်အကွင်းကျမှု၌ လည်းကောင်း၊ သဘာဝအလှအပနှင့် လူတို့ကြိုးစားတည်ဆောက်မှုအလှအပတို့ ဟန်ချက်ညီစွာ ပေါင်းစပ် ထားသည့်အရာ၌ လည်းကောင်း သူမတူအောင် ထူးခြားသောတက္ကသိုလ်ကြီးပင် ဖြစ်သည်။
Nov 10, 2020
ယခုအခါ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြီးစီးခဲ့ပေပြီ။ နိုင်ငံတော်နှင့် နိုင်ငံသားများ၏အရေးကို တာဝန်ကျေပွန်စွာ ဆောင်ရွက် ပြီးစီးခဲ့ပြီဖြစ်သော်လည်း တစ်နိုင်ငံလုံး၏ အရေးတစ်ခုဖြစ်သည့် မပြီးဆုံးသေးသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကို အားလုံးဆက်လက် ပူးပေါင်းပါဝင်ကြိုးပမ်းအားထုတ်ကြရဦးမည် ဖြစ်သည်။
