Skip to main content

Oct 29, 2020

နိုင်ငံတော်အစိုးရသည် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးတိုး တက် စေရန်၊ သက်ကြီးရွယ်အိုများ၏ ဝင်ငွေလုံခြုံမှုကို မြှင့်တင်ရန်နှင့် ၎င်းတို့မိသားစုများ၏ ထိခိုက် လွယ်မှုကိုလျှော့ချရန်ရည်ရွယ်၍ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ အား လူမှုရေး ပင်စင်ထောက်ပံ့ခြင်းအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါ သည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့်ဇနီး ဒေါ်အေးအေးသိန်း၊ နိုင်ငံ တော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်ဇနီး ဒေါ်ဌေးရီ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ဇနီးဒေါ်အေးသီတာတို့သည် ယနေ့နံနက်ပိုင်းတွင် နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် နေပြည်တော် ဥတ္တရသီရိ မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ် နေရာများအတွက် ကြိုတင် ဆန္ဒမဲပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

မြိတ်မြို့ ကျောက်ဖျာမြို့သစ်စီမံကိန်းဧရိယာအတွင်းရှိ အုပ်ချုပ်မှုဇုန်မြေဧရိယာတွင် ပါဝင်သော တောင်သူ (၅)ဦးအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဒုတိယအကြိမ် မြေလျော်ကြေးနှင့် သီးနှံနစ်နာကြေးများကို ယနေ့ နံနက်(၁၀)နာရီက ပုလဲရတနာခန်းမတွင် မြေတစ်ဧက ကျပ်သိန်း(၉၀)ဖြင့်  မြေ(၁၈.၅) ဧကအတွက် တစ်ထောင့်ခြောက်ရာခြောက်ဆယ်ငါးသိန်းကျပ် ပေးအပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြိတ်မြို့နယ် စေတနာ့ဝန်ထမ်း Volunteer များအတွက် ထောက်ပံ့ ငွေကျပ်သိန်း(၂၀)ကို ယနေ့ နံနက်(၉)နာရီခွဲအချိန်ခန့်တွင်က မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ အစည်းအဝေးခန်းမတွင် ဂုဏ်ပြုပေးအပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

မြန်မာ-ဒိန်းမတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သည့် ရေရှည်တည်တံ့သော ကမ်းရိုးတန်းရေလုပ်ငန်း ဦးဆောင်ကော်မတီ၏ (၈) ကြိမ်မြောက် အစည်းအဝေးကို အောက်တိုဘာ ၂၆ ရက်မွန်းလွဲပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံး - စငေါ ၃၃ ကေဗွီဓာတ်အားလိုင်း ၁၃.၅ မိုင်နှင့် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ စငေါဓာတ်အားခွဲရုံဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီက အဆိုပါ ကျေးရွာ၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ Surgical Masks များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

သစ်ပုပ်ပင်ဟုဆိုလိုက်သည်နှင့် ကျွန်တော်တို့သည် မြကျွန်းညိုညို၊ တက္ကသိုလ်ကို ပြေး၍ သတိရမိ ကြမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းလာသည့် တင်သွင်းလွှာ အမှတ် ၁/၂၀၂၀ ကို e-Court စနစ်ဖြင့် ကြားနာဆုံးဖြတ်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့သော e-Government ဌာနနှင့် တရားရေး ဌာနတို့မှ ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

အသားထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးရေးနှင့် အမျိုးသားအဆင့် အာဟာရဆိုင်ရာလုပ်ငန်း စီမံချက်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

(၂၆) ကြိမ်မြောက် အာဆီယံ အလုပ်သမားဝန်ကြီးများ အစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် အာဆီယံ+၃ အလုပ်သမားဝန်ကြီးများ အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် အင်ဒိုနီးရှားနိုင်ငံ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၁၂ ဦးအား မနီလာမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအမျိုးသား လေကြောင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီတွင် လည်းကောင်း၊ ထိုင်းနိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၁ ဦးအား ဗန်ကောက်မြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအမျိုးသားလေကြောင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၈ နာရီတွင် လည်းကောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

ယနေ့ ၂၁ ရာစုမှာ စစ်ရေးအစွမ်းကိုအသုံးပြု၍ နိုင်ငံတစ်နိုင်ငံကို သိမ်းပိုက်သောအင်အားကို ဟတ်ဒ်ပါဝါ (Hard Power) ဟုခေါ်ဆိုပြီး စစ်ရေးအရမဟုတ်ဘဲ နိုင်ငံ၏ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ယဉ်ကျေးမှုအင်အား တွေနဲ့ နိုင်ငံတစ်နိုင်ငံအပေါ်လွှမ်းမိုးထားနိုင်သောစွမ်းအားကို ဆော့ဖ်ပါဝါ (Soft Power) ဟု ခေါ်ဆို ခဲ့ကြပါတယ်။ နိုင်ငံတစ်နိုင်ငံတွင် ဟတ်ဒ်ပါဝါအင်အားကောင်းဖို့ အရေးကြီးသလို နိုင်ငံရဲ့ ဆော့ဖ်ပါဝါ ကလည်း အဆင့်အတန်းမြင့်မားပြီး လွှမ်းမိုးထားနိုင်စွမ်းရှိဖို့ အရေးကြီးလှပါတယ်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အောက်တိုဘာ ၂၈ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်၏ ကိုဗစ် - ၁၉ ရောဂါ ရင်ဆိုင် ကျော်လွှားခဲ့ရပုံများအကြောင်း ဆွေးနွေးခန်းကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက် ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

ရဟန်းပြုကြသောအခါ သာသနာတော်မှ ဆုံးရှုံးသောအပြစ်ဟူ၍ သတ်မှတ်တားမြစ်ထားသည့် ကံ၊ ပါရာဇိက ကံထိုက်သည့်အထဲတွင် ခိုးယူခြင်းပါ၏။ ခိုးယူခြင်းကို ဘာသာတရားအသီးသီးက ဆန့်ကျင် ၏။ အလွယ်ဆုံးဆိုရလျှင် ပိုင်ရှင်ဖြစ်သူက ကိုယ်အားဖြင့်သော် လည်းကောင်း၊ နှုတ်အားဖြင့်သော် လည်းကောင်း မပေးအပ်သော သူ့ဥစ္စာကို ယူခြင်းကို ခိုးသည်ဟုဆို၏။ သူတစ်ပါး၏ ဥစ္စာဟုဆိုရာ တွင် တန်ဖိုးကြီးသည်ဖြစ်စေ၊ တန်ဖိုးနည်းသည်ဖြစ်စေနှင့် မဆိုင်၊ မြက်၊ ဝါးခြမ်းစိတ်လေးကအစ မယူရဘူးဟု ဆိုပါ၏။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၏ သီတင်းကျွတ်ရာသီ ရောက်လာပြီဖြစ်သည်။ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ သီတင်းကျွတ်ကာလ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားသည်။ အများပြည်သူတို့အဖို့ သီတင်းကျွတ်ပိတ်ရက် ငါးရက်အတွင်း မြတ်စွာ ဘုရားရှင်အား ရည်မှန်း၍လည်းကောင်း၊ မိသားစုများ စိတ်နှလုံး အေးချမ်းကြည်နူး ရွှင်ပျော်စေရန် အတွက်လည်းကောင်း မိမိတို့နေအိမ်၌ သီတင်းကျွတ် မီးထွန်းသဘင်ကို ဆင်ယင်ကျင်းပနိုင်ပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 28, 2020

(၂၇-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၈-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၄,၂၀၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ်(၁,၄၀၆)ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 28, 2020

ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားနေသည့်ကာလအတွင်း ဘိုးဘွားရိပ်သာများတွင် လက်ခံ စောင့်ရှောက်ထားသော သက်ကြီးရွယ်အိုများအား စနစ်တကျပြုစုစောင့်ရှောက်ရေးနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 28, 2020

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များသည် အောက်တိုဘာ ၂၈ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့၊ အမှတ် ၃ ရပ်ကွက်ရှိ ရွှေဝက်တိုး သမိုင်းဝင်ဘုရားကြီးလမ်း အရှည် ၁၇၄၈ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၉ လက်မရှိ ကျောက်ချော လမ်းပိုင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၂၂.၇၂ သန်းဖြင့် ဆောင်ရွက်ပြီးစီးမှုကိုကြည့်ရှုခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိက လုပ်ငန်းများကို ရှင်းလင်း တင်ပြသည်။

ဆက်လက်ဖတ်ရှုရန်