Skip to main content
Jul 12, 2021

မပြောတော့မပြောချင်ဘူး။ ဒါပေမယ့် ပြောရတော့မယ်။ ပြောမှဖြစ်မှာကိုး။ မပြောပြန်ရင်လည်း သူတို့ပြောတာကအမှန်တွေလိုလို။ သူတို့ကိုယ်သူတို့ ခြောက်ပြစ်ကင်း သဲလည်းစင် လက်ဆယ်ဖြာ ထိပ်မှာမိုးပြီး တစ်နေကုန်ပဲ ထိုင်ရှိခိုးကန်တော့ရတော့မလိုလို သူတော်ကောင်းကြီးတွေလို့ ထင်နေရ။ တစ်ဖြည်းဖြည်းတော့ ဖွတ်ထွက်မှ တောင်ပို့မှန်းသိလာကြပြီ။ အနူတော

Jul 12, 2021
၁
မြန်မာနိုင်ငံ၏ စံပြခေါင်းဆောင်ကား ဗိုလ်ချုပ်အောင်ဆန်း ဖြစ်၏။ ခေါင်းဆောင်ဟူသည် ခေါင်းဆောင်အရည်အချင်းနှင့် ပြည့်စုံရ၏။ ဗိုလ်ချုပ်တွင် မွေးရာပါ အရည်အချင်းနှင့် လေ့ကျင့်ယူရသော အရည်အချင်းတို့ရှိကြသည်။ သူ့ဘဝဖြစ်စဉ်မှ ကောက်နုတ်ဖော်ပြလိုပါသည်။
Jul 11, 2021
ဘုရားရှင်က “အတ္တသမာပဏိဓိစ” ကိုယ်နှင့်စိတ်ကို ကောင်းမြတ်သည့် ကျင့်စဉ်အတိုင်း ကျင့်ကြံနေထိုင်ခြင်း သည် မင်္ဂလာမည်၏ဟု ဟောကြားပါ သည်။ ကိုယ်နှင့် စိတ်တွင် ရှေးဦးစွာ ကိုယ်ခန္ဓာအကြောင်းကို ဆွေးနွေးချင်ပါသည်။ မင်္ဂလာတရားတော်အရ ကိုယ်ခန္ဓကို ကောင်းမြတ်သည့် ကျင့်စဉ်အတိုင်း ထိန်းသိမ်းစောင့်ရှောက် နေထိုင်ရပါမည်။ ယနေ့ ၂၁ ရာစုတွင် လူတစ်ယောက်သည် ပညာထူးချွန်ရုံဖြင့် အောင်မြင်မှု မရရှိနိုင်သည်ကို သိနေကြပြီ ဖြစ်ပါသည်။ ပညာထူးချွန်ခြင်းသည် အိုင်ကျူ (1Q; Intelligence Quotient) ဟုခေါ်သည့် ဉာဏ်ရည်ကောင်းခြင်းဖြစ်ပါသည်။ အိုင်ကျူးအပြင် အီးကျူ (EQ; Emotional Intelligence) ဟုခေါ်သည့် နှလုံးသား အရည်အသွေး၊ (CQ;Culture Intelligence) ဟုခေါ်သည့် မတူကွဲပြား ခြားနားသည့် ယဉ်ကျေးမှု၊ လူ့အဖွဲ့အစည်းများကို နားလည်လက်ခံပေးသည့် အရည် 3003: (SQ; Spiritual Intelligence) ဟုခေါ်သည့် ဘဝရှင်သန်ခြင်း၏ ရည်ရွယ်ချက်ကို သိရှိလိုက်နာသည့် အရည်အသွေးနှင့် Physical Intelligence ဟုခေါ်သည့် မိမိ ခန္ဓာကိုယ်ကို အသိဉာဏ်ရှိစွာ ထိန်းသိမ်း စောင့်ရှောက်နိုင်သည့် အရည်အသွေးငါးမျိုးကို ပိုင်ဆိုင်မှသာ ချမ်းသာအောင်မြင် ခြင်းများ ရနိုင်မည်ကို အောင်မြင်ရေးဆရာများက ရေးသားဟောပြောနေကြပါသည်။ တက္ကသိုလ်များကလည်း သုတေသန တွေ့ရှိချက်များနှင့် အတည်ပြုထားပါသည်။
Jul 11, 2021
“ဝိနယောစ သုသိက္ခိတော” ကျင့်ဝတ်၊ စည်းကမ်းများကို လိုက်နာခံယူခြင်းဆိုသည့် မင်္ဂလာ တရားတော်နှင့်အညီ ကျွန်တော်တို့ လူ့ဘောင်အဖွဲ့ အစည်း များတွင် လိုက်နာရမည့် ကျင့်ဝတ်၊ စည်းကမ်းများ ကို ကိုယ်စီကိုယ်င လိုက်နာခံယူကြရပေသည်။
Jul 10, 2021
ခမ်းနားလှသော တိုက်တာကြီးများ၊ ထည်ဝါလှသော အိမ်ကြီးအိမ်ကောင်းများသည် လမ်းဘေး ဝဲယာတွင် တန်းစီလျက်ရှိကြ၏။ တိုက်တိုင်း အိမ်တိုင်းမှာပင် ကိုယ်ပိုင်ဥယျာဉ် ရေကန်များရှိကြ သဖြင့် ကျက်သရေမင်္ဂလာရှိလှပေသည်။
Jul 10, 2021
မိမိတို့နိုင်ငံ နိုင်ငံရေးနှင့်ပတ်သက်၍ အတွေးနယ်ချဲ့ မိသည်။ မြန်မာပြည် နိုင်ငံရေးသည် နယ်ချဲ့ဆန့်ကျင် ရေးကာလမှစ၍ နိုးကြားရှင်သန်လာခဲ့သည်။ နိုင်ငံရေးနယ်ပယ်တွင် ကိုယ်ယုံကြည်ရာဝါဒ၊ လမ်းစဉ်တို့ကို ကိုင်စွဲ၍ အမျိုးမျိုးဖြတ်သန်းခဲ့ကြသည်။ နိုင်ငံရေးနှင့်ပတ်သက်၍ ခေါင်းဆောင်များက အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကြသည်။ နိုင်ငံရေး သည် ညစ်ပတ်သည့်အလုပ်၊ ရိုးသားသည့်အလုပ်၊ လောကကောင်းကျိုးကို ဆောင်ကြဉ်းသည့်အလုပ်၊ တိုင်းပြည်အရေး၊ ပြည်သူများ၏အရေးစသည်ဖြင့် အမျိုးမျိုးဆိုခဲ့ကြသည်။
Jul 10, 2021
2
နိုင်ငံတစ်ခု၏ ဉာဏစွမ်းအားစုများ တိုးတက်ရေးအတွက် စာပေကဏ္ဍကို မြှင့်တင်မှုသည် အရေးကြီးသောကဏ္ဍမှ ပါဝင်ပါသည်။ သို့အတွက်ကြောင့် နိုင်ငံတော်အစိုးရသည် မြန်မာစာပေဖွံ့ဖြိုးရေးနှင့် စာကောင်းပေမွန်များ ပေါ်ထွက်လာရေးအတွက် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုတို့ကို နှစ်စဉ်ချီးမြှင့်လျက် ရှိပါသည်။
Jul 09, 2021
၁

 

နန်းခမ်းခ

“ဘွန်း၊ ဘီလ်”ဟုဆိုရာတွင် မြန်မာနိုင်ငံအစိုးရက ထုတ်ဝေသော အစိုးရငွေတိုက်စာချုပ်များ(Treasury Bonds)နှင့် ငွေတိုက် လက် မှတ်များ (Treasury Bills)တို့ကို ဆိုလိုပါသည်။

Jul 09, 2021
ဆန့်ကျင်ဘက်အသွင် မြန်မာနိုင်ငံမှာ မတူကွဲပြားမှုတွေ များပြားလှပါတယ်။ အဲဒီလို တိုင်းရင်းသားလူမျိုးစုတွေ များပြားသလို ဘာသာတရားတွေ၊ ယဉ်ကျေးမှုတွေ စတဲ့ မတူကွဲပြားမှုတွေ ရှိနေတာဟာ မြန်မာနိုင်ငံရဲ့ သဘာဝတရားကပေးထားတဲ့ လက်ဆောင်တစ်ခုလို့ မြင်မိပါတယ်။ အရောင်အသွေးစုံလင်တဲ့ ပန်းခင်းတစ်ခ လိုမတူညီတဲ့ ရသတွေပေးနေ တဲ့၊ ရှုမငြီးတဲ့အလှတရားတွေပါပဲ။ ဒီအလှတရားတွေ ပိုမိုလှပဖို့၊ ရေရှည်တည်တံ့ဖို့ ဘယ်လိုဖန်တီးကြမယ်၊ ဘယ်လိုစီမံကြမလဲဆိုတာ အတွက် တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်တန်ဖိုးတွေ၊ အဖွဲ့အစည်းရဲ့ တန်ဖိုး တွေက အရေးပါလှပါတယ်။
Jul 08, 2021
လူတစ်ယောက်ရဲ့ တန်ဖိုးဟာ အဝတ်အစားကောင်းမွန်သစ်လွင်ပြီး အဖိုးတန်ဝတ်နိုင်တာနဲ့ မဆိုင်ပါဘူး။ လစာဝင်ငွေနည်းတာ၊ များတာနဲ့လည်း မဆိုင်ပါဘူး။ ချမ်းသာတာ၊ ဆင်းရဲတာနဲ့လည်း မဆိုင်ဘူး။ ရုပ်ချောတာ၊ အပြောကောင်းတာနဲ့လည်း မဆိုင်ဘူး။ ထင်ရှားကျော်ကြားတာနဲ့လည်း မဆိုင်ဘူး။ ဆက်စပ် ပတ်သက်သယောင် ထင်ရပေမယ့် တကယ်ကတော့ မဆိုင်လှပါဘူး။