Jul 05, 2021
ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေတာ တစ်နှစ်ပင်ကျော်လာပြီး တတိယလှိုင်း ဝင်လာပါပြီ။ တချို့သောဒေသတွေမှာဆိုရင် ကူးစက်မှုနှုန်း မြင့်တက်လျက်ရှိပြီး အသေအပျောက်လည်း ရှိနေပါတယ်။ ကမ္ဘာ့လူသားတွေဟာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စတဲ့ ကဏ္ဍ ပေါင်းစုံမှာ အခက်အခဲတွေ့နေကြရပါတယ်။ နေ့စဉ် စားသောက်နေထိုင်ရေးအတွက် နေထိုင်မှုပုံစံသစ်နဲ့ ချဉ်းကပ်နေကြရပါတယ်။ နေအိမ် ထဲမှာပဲ နေရတဲ့အချိန် များလာတဲ့အခါသင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းနိုင်စွမ်းမရှိတဲ့သူတွေဟာ မွန်းကျပ်တယ်လို့ ခံစားလာကြပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသလို အခက်အခဲကာလကို အခွင့်အလမ်းအဖြစ် အသုံးချသူတွေရှိသလို အခက်အခဲကို လက်မြှောက် အရှုံးပေး လိုသူတွေလည်း ရှိကြပါတယ်။ ကိုဗစ်-၁၉ ကာလမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကနေ သင်ခန်းစာဖော်ထုတ်နေသူတွေရှိသလို ညည်းတွား နေသူတွေလည်း ရှိကြပါတယ်။
Jul 05, 2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနသည် ငါးသယံဇာတများကို ထိန်းသိမ်းခြင်းဖြင့် ငါးရိက္ခာဖူလုံစေရန်၊ ရေထွက်ကုန်များမှ အစားအစာဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် စဉ်ဆက်မပြတ် ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ရန်တို့ကို မူဝါဒချမှတ် လုပ်ဆောင်လျက်ရှိသည်။ မျှော်မှန်းချက်အနေဖြင့် ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာဖူလုံစေရန်၊ ငါးလုပ်ငန်းကိုအခြေခံ၍ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန် မျှော်မှန်းထားသည်။ ထို့အပြင် ရည်မှန်းချက် (၆)ချက်၊ လုပ်ငန်းစဉ်(၂၅)ချက်ကို ရေးဆွဲချမှတ်ပြီး ငါးကဏ္ဍဖွံ့ဖြိုးရေးအတွက် လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်လျက်ရှိသည်။
Jul 05, 2021
“ဒါနဲ့ နေစမ်းပါဦး။ ဟိုတစ်နေ့က တီဗွီထဲ တွေ့လိုက်ပါတယ် ဆောင်းဒါးရက်ကန်း ကျောင်းဆိုတာ။ ဆောင်းဒါးဆိုတာ ဘာအဓိပ္ပာယ်လဲကွ၊ သောင်ဒါးပဲ ကြားဖူးပါတယ်။ ဆောင်းဒါးဆိုတော့ ဆောင်းတွင်းမှာ ဒါးတွေထုတ်လို့ ဆောင်းဒါးလို့ ခေါ်တာလား။”
Jul 04, 2021
ယခုနှစ်သည် တရုတ်ကွန်မြူနစ်ပါတီထူထောင်ခြင်း နှစ် (၁၀၀) ပြည့်မြောက်သည့်နှစ် ဖြစ်ပါသည်။ ပြီးခဲ့သည့် နှစ် (၁၀၀) ကာလအတွင်း တရုတ်နိုင်ငံ သည် နက်ရှိုင်းလှသော နိုင်ငံရေး၊ အတွေးအခေါ်၊ ဒဿန၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် ကြုံတွေ့ခဲ့ပါသည်။
Jul 04, 2021
ဝသန်စောင်းကြိုး၏တီးခတ်နှိုးသံသည် မိုးပွင့်မိုးစက် များ၊ မိုးရနံ့လေပြည်လေညှင်းနှင့် သံသာယာစွာ တညင်းညင်း၊ တသင်းသင်း လူ့ပျံ့လာပါသည်။ မြေ သင်းနံ့ သင်းပျံ့ပျံ့သည် လေအဝှေ့တွင် ဆွတ်ပျံ့ဖွယ် တိုးဝင်လာသည်။ ခြောက်သွေ့၍ ပျင်းရိငြီးငွေ့ဖွယ် နွေကာလမှ စိမ်းလန်းသာယာတက်ကြွအေးမြသည့် မိုးတွင်းခါဝသန်သို့ ချင်းနင်းဝင်ရောက်လာပါသည်။
Jul 04, 2021
လောကနိယာမတရားတွေဟာ ကမ္ဘာဦးကတည်းက တည်ရှိခဲ့ပြီး အမြဲမှန်နေတဲ့တရားတွေ ဖြစ်ပါတယ်။ ဧည့်ကြို တစ်ယောက်ပဲ ဖြစ်ဖြစ်၊ လွန်ပျူတာပရိုဂရမ်မာပဲဖြစ်ဖြစ်၊ လုပ်ငန်းရှင်သူဌေးကြီးပဲ ဖြစ်ဖြစ် လောကနိယာမတရားဟာအတူတူပ် မှန်နေမှာဖြစ်ပါတယ်။
Jul 04, 2021
မဲမသမာမှုကနေ စတင်ခဲ့သည့် နိုင်ငံနှင့် နိုင်ငံသားတွေအပေါ် မရိုးဖြောင့်မှု၏ နောက်ဆက်တွဲအဖြစ် ယနေ့တိုင် အများပြည်သူများသည် အကြမ်းဖက်ခြင်း၊ တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်ခံရခြင်း၊ အပြစ်မဲ့ပြည်သူများ သေကျေပျက်စီးခြင်းနှင့် လူငယ်များ အတွေးအခေါ် အယူအဆအမှားများဖြင့် လမ်းမှားသို့ ရောက်မှန်း မသိရောက်ရှိခြင်း စသည့်အနာဂတ်ထိခိုက်စရာများအထိ ဖြစ်ပေါ်လျက်ရှိပါသည်။
Jul 04, 2021
လူမှုဘဝပတ်ဝန်းကျင်တွင် အသက်ရှင်ရပ်တည်နိုင်ရေးအတွက် လူတိုင်းအလုပ်လုပ်ကြရမည် ဖြစ်သည်။ ကျင်လည်ရာဘဝတွင် တတ်မြောက်သည့် ပညာဖြင့် စားဝတ်နေရေး ဟူသော အခက်အခဲကိစ္စကို နည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းနေကြရလေသည်။
Jul 04, 2021
“ဆယ့်နှစ်ရာသီပွဲတော်တွေ ရှိတယ်မဟုတ် လား။ တန်ခူးလသင်္ကြန်ပွဲကစပြီး တပေါင်းလ သဲပုံစေတီပွဲအထိလေ” “သမီးသိပါတယ် ဘဘ” “အဲဒီလိုဆိုရင် နယုန်လမှာ ကျင်းပတဲ့ပွဲက ဘာပွဲလဲ ပြောပြပါအုံး”
Jul 04, 2021
မြန်မာနိုင်ငံမှာ ပြည်သူတွေ အထိတ်တလန့်ဖြစ်ရတာ အခုမှ မဟုတ်ပါဘူး။ လွတ်လပ်ရေး မရမီ၊ ရပြီးကနေ ယနေ့ထက်တိုင်အောင်ဖြစ်နေတာပါပဲ။ လွတ်လပ်ရေးမရမီက ဗိုလ်ချုပ်အောင်ဆန်းနဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေ ပစ်ခတ်သတ်ဖြတ် လုပ်ကြံခံရမှုကနေ လွတ်လပ်ရေးရပြီး ပြည်တွင်းသောင်းကျန်းမှုကာလ တစ်လျှောက်နဲ့ ယနေ့ထက်တိုင်အောင် ပြည်သူတွေ အထိတ်တလန့်ဖြစ်စေတဲ့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်လို ဖြစ်စဉ်ကြီးငယ်တွေ မကြာခဏ ပေါ်ပေါက်ခဲ့ပါတယ်။
